28

1.4K 181 21
                                    

[Unicode]

" နောက်ထပ်သွားချင်တာရှိရင် ကိုယ့်ကိုပြောနော် "

Resort ကနေပြန်လာပြီး ကျောင်းလည်းမဖွင့်သေးသည်မို့ ဂျုံအင်ကိုပြောလိုက်မိသည်။ဆယ်ဟွန်းရင်ခွင်ထဲမှာ ငြိမ်နေတဲ့ ကလေးလေးက အိပ်တောင်ပျော်နေပြီ။နေ့လယ်ခင်းပဲရှိသေးတာကို အိပ်နေပြန်ပါပြီ။ညဘက်တွေဆို မအိပ်ဘူး။ပြီးရင် ဆယ်ဟွန်းကိုလည်းပေးမအိပ်ဘူး။

ရင်ခွင်ထဲက မျက်နှာလေးကိုပဲ လက်ထောက်ကာ ငေးကြည့်နေလိုက်တော့သည်။မျက်လုံးမှိတ်ထားလို့ မျက်တောင်လေးတွေက စင်းနေပြီး နှုတ်ခမ်းလေးက ခါတိုင်းထက်ပိုပြီး လုံးနေသလိုလို။ဆယ်ဟွန်းကအမြဲအစားကိုသေချာစားစေလို့ ဂျုံအင်ပါးလေးတွေတောင်ပြန်ဖောင်းလာပြီ။

" ဘာလို့ အရမ်းချစ်ဖို့ကောင်းရတာလဲ "

ပါးပြင်ကို ငုံ့နမ်းရင်း ရေရွတ်မိတော့ နှုတ်ခမ်းလေးကပြုံးသွားလေသည်။ပြီးမှ မျက်လုံးတွေကို ဖွင့်ကြည့်လာသည်။

" မအိပ်သေးဘဲနဲ့ .. ဘာလို့အိပ်ချင်ယောင်ဆောင်နေတာလဲ "

" အိပ်ပျော်တော့မလို့လေ .. ဦးက အနမ်းသူခိုးလေးလုပ်နေတာကိုး "

" အရင်က အမြဲခိုးခိုးနမ်းတာဘယ်သူပါလိမ့် "

" ဦးရဲ့သက်ဆိုင်သူမို့ နမ်းတာပါနော် .. မကြိုက်ဘူးလား "

" ကြိုက်တယ် "

ဆယ်ဟွန်းအဖြေကြောင့် ဂျုံအင် နှုတ်ခမ်းတွေက ပြုံးသွားတော့သည်။ဆယ်ဟွန်း ထိုနှုတ်ခမ်းတွေကို ထိတယ်ဆိုရုံမျှ လှမ်းနမ်းမိသည်။အချိန်တိုင်း သဘောကျရတဲ့ ဂျုံအင်ရဲ့နှုတ်ခမ်းလေးတွေ။

" ဒါပဲလား "

" ဘာကိုလဲ "

" နမ်းတာကလည်း ၁စက္ကန့်တောင်မကြာဘူး "

" အဲ့တာဆို ဘယ်လိုနမ်းရမှာလဲ "

ဆယ်ဟွန်း ညစ်ကျယ်ကျယ်ပြုံးရင်းမေးတော့ ဂျုံအင်က ခပ်တိုးတိုးရယ်ကာ ရင်ခွင်ထဲက ထွက်သည်။ဆယ်ဟွန်း လက်ထောက်ထားရာမှ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနှင့် ဂျုံအင်ရဲ့ လက်နှစ်ဖက်က ခေါင်းအုံးရဲ့ဘေး တစ်ဖက်တစ်ချက်ဆီမှာ ထောက်ပြီး ဆယ်ဟွန်းကို အုပ်မိုးလာသည်။

The One I Hate Becomes MineWhere stories live. Discover now