14

1.3K 174 62
                                        

[Unicode]

" ဂျုံအင် ဘာဖြစ်လာတာလဲ "

" ဆောင်ဝူး "

အိမ်တံခါးလာဖွင့်ပေးတဲ့ ဆောင်ဝူးကို ပွေ့ဖက်လိုက်မိသည်။လမ်းတစ်လျှောက် မိုးရေတွေနဲ့အပြိုင်ကျလာတဲ့ မျက်ရည်တွေကလည်း ဆောင်ဝူးကိုတွေ့တော့ပိုပြီးတောင် ကျလာသေးသည်။

" လာ အထဲဝင် .. စိုရွှဲနေတာပဲကွာ မိုးရေထဲ ထီးလည်းမပါဘဲ ဒီထိလမ်းလျှောက်လာတာလား "

" ဦးလေးပတ်ရော "

" အိပ်နေပြီ "

" လာ ငါ့အခန်းထဲလိုက်ခဲ့ "

ထပ်ပြီးငိုချင်နေသေးပေမယ့် ဆောင်ဝူးက ဂျုံအင် မျက်ရည်တွေကိုပွတ်သုတ်ပေးပြီး သူ့အခန်းဆီခေါ်သွားပေးသည်။ခန္ဓာကိုယ်ချင်းသိပ်မကွာတာမို့ သူ့အင်္ကျီတွေကိုပဲ ဂျုံအင်ကိုလဲဝတ်စေသည်။ပေါက်ပြဲသွားတဲ့ နှုတ်ခမ်းထောင့်စွန်းကိုလည်းဆေးထည့်ပေးသည်။

" အိုဆယ်ဟွန်းနဲ့ရန်ဖြစ်လာတာလား "

" အင်း "

ခေါင်းသုတ်ပေးနေတဲ့ ဆောင်ဝူးကို အသံထွက်တယ်ဆိုရုံမျှ ဖြေလိုက်တော့ သက်ပြင်းချသံကိုကြားလိုက်ရသည်။ဦး အရမ်းလွန်သည်။သူ ဒီတစ်ခါတော့ ဦးကိုစိတ်ဆိုးမိသည်။

" မင်း ဂန်ဆိုးအာကို ငါတို့လက်ထပ်ထားတာ ပြောလိုက်သေးလား "

" မပြောပါဘူး .. ဘာဖြစ်လို့လဲ မင်းကိုစွပ်စွဲနေတာလား "

" အင်း "

" ဒီ အိုဆယ်ဟွန်းကတော့ "

" ငါ ဒီမှာခဏလောက်နေဦးမယ် .. ဦးဆီပြန်မသွားချင်သေးဘူး "

" သူ မင်းကိုဘာလုပ်လိုက်လို့လဲ .. ဟမ် "

ဂျုံအင် ခေါင်းကိုသာခပ်ဖြည်းဖြည်းရမ်းပြမိသည်။သူပြန်မပြောချင်။ဦးရဲ့ စူးရဲတဲ့အကြည့်တွေကိုသူကြောက်မိသည်။ခနဲ့တဲ့အပြုံးတွေ၊စိတ်လွတ်နေတဲ့လူလို အော်ရယ်လိုက်တာတွေ ဂျုံအင်ထပ်ပြီးရင်မဆိုင်ရဲသေး။

" မင်းပျော်သလောက်နေ .. ငါ ဖေဖေ့ကိုပြောပေးမယ် "

" ရပါတယ် ငါကိုယ်တိုင်ပြောမယ် "

The One I Hate Becomes MineWhere stories live. Discover now