20

1.5K 177 74
                                    

[Unicode]

* ဦး .. အတန်းပြီးပြီ လာကြိုမှာလား *

နေ့လည်စာသင်ချိန် ဝင်လာတဲ့ စာကြောင့် ဆယ်ဟွန်း ချက်ချင်းစာပြန်ရိုက်လိုက်သည်။ဒီနေ့မှ အတန်းချိန်တွေက ညနေထိ ဆက်တိုက်ဖြစ်နေသည်။

* အတန်းက ညနေထိရှိတယ် *

* ဦးကိုတွေ့ချင်တာ *

ကြည့်။ဆယ်ဟွန်းကို အလုပ်ရှုပ်အောင်လုပ်ပြန်ပြီ။အလိုက်တသိလေး ပြန်လိုက်မယ်မပြောဘူး။၁၀မိနစ်နေရင် အတန်းပြီးပြီမို့ နေ့လည်ထမင်းစား နားချိန်ပဲသွားကြိုရတော့မည်။

* ထမင်းစားနားရင် လာကြိုမယ် .. ကျောင်းရှေ့မှာ စောင့်နေ *

" ပါမောက္ခအို "

* ဟုတ် .. ဟီးဟီး ဦးကိုချစ်လိုက်တာ *

" ပါမောက္ခအို "

* အရူး *

" ပါမောက္ခအို "

" ဟင် .. ဘာလဲ "

ကျောင်းသူလေး တစ်ယောက်ကခေါ်လာသည်မို့ ဆယ်ဟွန်း ဖုန်းကိုအိတ်ကပ်ထဲပြန်ထိုးထည့်ရင်း ထူးလိုက်သည်။ပြီးမှ လက်ထောင်လျှက် သူ့ကိုကြည့်နေတဲ့ ကျောင်းသူလေးကိုပြန်ကြည့်လိုက်သည်။

" ပါမောက္ခ .. ခုနက ပါမောက္ခရဲ့အမျိုးသမီးနဲ့ စာပို့နေတာလား "

" ဘာလို့လဲ "

" ပါမောက္ခက ပြုံးနေတာပဲ .. သမီး သုံးလေးခါ ခေါ်နေတာလည်းမကြားဘူး "

ကျောင်းသူလေး​ပြောမှ သူ လည်ပင်းကိုအရှက်ပြေပွတ်သပ်လိုက်သည်။သူက တော်ရုံသတိလွတ်တတ်တဲ့သူမဟုတ်ပါ။ခေါ်သံလည်းမကြားမိပါဘူး။

" အင်း .. ဘာ​မေးမလို့လဲ "

သူပြုံးရင်း စကားလမ်းကြောင်းလွှဲလိုက်တော့မှ ကျောင်းသူလေးက ပြုံးရယ်ရင်း သူမ သိလိုရာကိုမေးတော့သည်။တစ်တန်းလုံးကလည်း ကြည့်နေ၍ ဆယ်ဟွန်း အပြုံးလေးသာချိတ်ဆွဲထားရသည်။နားရွက်တွေတော့ နီရဲနေတော့မယ်။

အတန်းပြီးတာနှင့် ထမင်းမစားအားသေး။သခင်လေးကိုအပြေးကြိုရသည်။လမ်းပိတ်နေသည်ကြောင့် နာရီဝက်လောက်တော့ နောက်ကျသွားရသည်။

The One I Hate Becomes MineWhere stories live. Discover now