21

1.5K 176 76
                                    

[Unicode]

" ဦး နှုတ်ခမ်းနဲ့ အနမ်း ဘယ်ဟာပိုချိုတာလဲဟင်  "

" မသိဘူး "

ဂျုံအင် ကုတင်ပေါ်အိပ်ကာ စာဖတ်နေရင်း ဦးကိုလှမ်းမေးလိုက်သည်။ဦးကတော့ စာတမ်းအရေးမပြတ်ဘဲ ပြန်ဖြေလာသည်။ဦးရဲ့ ခန္ဓာကိုယ်မှာ ဂျုံအင် ကိုယ်တိုင် ထိုးပေးထားတဲ့ ဆွယ်တာလေးရှိနေသည်။နေ့မအိပ်၊ညမအိပ်ထိုးထားတဲ့ ဆွယ်တာလေးက ပုံစံကျနေ၍သာတော်တော့သည်။အရင်က ဂျုံအင်တစ်ခါမှ ချည်မထိုးဖူးဘူးလေ။

" ကျွန်တော် ဦးကိုနမ်းရင် ဘာမှမခံစားရဘူးလား "

" ဟင့်အင်း "

" လိမ်တာ "

ဂျုံအင် ကုတင်ပေါ်ကနေ ထပြီး ဦးရဲ့ စာကြည့်စားပွဲနားသွားရပ်လိုက်သည်။ဦးရဲ့ Macbook ကိုပိတ်ချလိုက်တော့ ဦးက သူ့ရဲ့ဆုံလည်ကုလားထိုင်ကို ဂျုံအင်နဲ့ မျက်နှာချင်းဆိုင်လှည့်လာသည်။

" ဟေ့ ဟေ့ ခုံကျိုးလိမ့်မယ် ထစမ်း "

ဦး ပေါင်ပေါ်ဝင်ထိုင်တော့ ဦးက တွန်းချသည်။ဦးပေါင်ပေါ်မှာ ထိုင်ခွင့်ရတာ သိပ်မကြာသေး။မှတ်မှတ်ရရ ဦး မွေးနေ့မှာ ဦးကို ဆွယ်တာလက်ဆောင်ပေးတုန်းကဖြစ်သည်။ဦးပေါင်ပေါ်ထိုင်ပြီး ဦးနှုတ်ခမ်းတွေကိုနမ်းရတာလည်း နိဗ္ဗာန်ပင်။

" ဦး ပေါင်ပေါ်ထိုင်ချင်တာ "

" ကျောင်းပိတ်ရက်ဆိုတော့ ငါ့ကိုတော်တော် ဒုက္ခပေးတာပဲ "

ဦးကချက်ချင်း ခုံပေါ်ကထပြီး ကုတင်ပေါ်ပြောင်းထိုင်ပေးသည်မို့ ဂျုံအင်ကလည်း အလိုက်တသိ ဦးပေါင်ပေါ်ဝင်ထိုင်လိုက်သည်။လက်တွေကလည်း ဦးလည်တိုင်မှာချိတ်တွယ်လျှက်။

" ဦး "

" ဟင် "

" ဦး .. ကျွန်တော့် အနမ်းတွေကို တုံ့ပြန်ချင်ပြီလားဟင် . . ကျွန်တော့် အနမ်းတွေကို တုံ့ပြန်ရလောက်တဲ့အထိ ကျွန်တော့်ကို သဘောကျပြီလားဟင် "

" မပြောတတ်ဘူး "

ဦးရဲ့ အဖြေက မတင်မကျ။ဦးကအမြဲ အဲ့လိုပဲ။ချစ်လားမေးရင်လည်း သဘောကျတယ်တို့ ဘာတို့တောင် ဟန်ဆောင်ပန်ဆောင်မဖြေပေးဘူး။ရက်စက်လိုက်တာ။

The One I Hate Becomes MineWhere stories live. Discover now