7

935 155 57
                                    

[Unicode]

" စိတ်မကောင်းပါဘူး ပါမောက္ခအို .. ဟို ..ကျောင်းသားမိဘတွေက . "

" ရပါတယ် ကိစ္စမရှိပါဘူး "

အရာအားလုံးကိုဆုံးရှုံးပြီးတဲ့နောက်မှာ ဆယ်ဟွန်း သဘောကျရတဲ့ စာသင်တဲ့အလုပ်ကိုခဏနားလိုက်သည်။ဆယ်ဟွန်းကိုအလုပ်ထွက်စေချင်တဲ့ကျောင်းသားမိဘတွေအတွက်လည်းအဆင်ပြေသည်လေ။ဆယ်ဟွန်းကိုယ်တိုင်ကလည်း​ကျောင်းသားတွေရှေ့မှာပြန်ရပ်နိုင်ဖို့ကြိုးစားရဦးမည်။

" ကြိုဆိုပါတယ် ဦး "

ဆယ်ဟွန်း တိုက်ခန်းရဲ့ လျှို့ဝှက်နံပါတ်ကိုရိုက်ပြီးတာနှင့် မကြားချင်တဲ့အသံကိုကြားရသည်။နောက်ကနေ တောက်လျှောက်လိုက်လာပြီး ဆယ်ဟွန်းနားမှာ ဟိုဟာလုပ် ဒီဟာလုပ်နှင့် လိုက်ရှုပ်နေမှာလည်းသိသည်။

ဆယ်ဟွန်း စုထားတဲ့ငွေနဲ့တိုက်ခန်းတစ်ခုဝယ်သည်။ထိုကောင်လေးပြောတဲ့အိမ်မှာဆယ်ဟွန်းလိုက်နေစရာအကြောင်းမရှိ။ထိုကောင်လေးကိုလည်း လိုက်လာပါမဖိတ်ခေါ်ခဲ့ပေမယ့် ဆယ်ဟွန်းလွှင့်မပစ်ရသေးတဲ့ အမှိုက်ထုပ်ကြီးလိုဘဲ နောက်ကနေပါလာတယ်။

" ဟင်းကတော့ကျက်ပြီ .. ထမင်းတည်ဖို့မေ့သွားလို့ ခုချက်ထားတယ် ခဏစောင့်ပေးနော် "

အပြင်က စားခဲ့ကြောင်းကိုလည်းမပြောပြချင်ပါ။​စကားပြောဆို ဆက်ဆံရတာမျိုးကိုတောင် မလုပ်ချင်လောက်အောင် မုန်း၏။

ဆယ်ဟွန်းထိုကောင်လေးကိုတစ်ချက်မကြည့်ဘဲ စာကြည့်စားပွဲမှာထိုင်ပြီး Macbook ကိုဖွင့်သည်။အားလပ်သွားတဲ့ အချိန်မှာ ဆယ်ဟွန်းရဲ့ ဝါသနာတစ်ခုဖြစ်တဲ့ စာရေးခြင်းကို ကြိုးစားကြည့်မည်။

" ဦး "

ဆယ်ဟွန်းတစ်ချက်ငဲ့မကြည့်တော့ ကောင်လေးက သက်ပြင်းချပြီးထွက်သွားသည်။မင်း ငါ့ကိုချစ်ရတာ ကြာရင်နောင်တရလာလိမ့်မယ် ဂင်ဂျုံအင်။

ဆယ်ဟွန်း စာရေးဖို့ကြိုးစားပေမယ့် လက်တွေက Social media app တစ်ခုကိုဘဲဖွင့်ကြည့်မိသည်။၅ရက်လောက်ကြာပြီးတော့ အနည်းငယ်တော့ငြိမ်သွားကြပြီ။လမ်းကြုံဝင်ဆဲတဲ့သူလောက်ဘဲတွေ့ရတော့၏။သို့ပေမယ့် ဖောက်ပြန်တဲ့ယောက်ျားဆိုတဲ့အမည်းစက်ကြီးကတော့ဖျောက်လို့မရတော့ပေ။

The One I Hate Becomes MineOù les histoires vivent. Découvrez maintenant