24

1.9K 196 76
                                    

[Unicode]

" ခင်ဗျား ကျွန်တော့်ကို ဘာလို့မကျေနပ်နေလဲမသိပေမယ့် ကျွန်တော်ကတော့ ဂျုံအင်ကို စိတ်ဆင်းရဲအောင်လုပ်လို့ ခင်ဗျားကိိုစိတ်ပျက်မိတယ် "

" ဂျုံအင်က ကျွန်တော့် ညီပဲဟာ .. "

" ဂျုံအင်က မပြောပြဘူးလား .. ခင်ဗျားကို အပိုင်ရဖို့ စီမံကိန်းထဲမှာ ကျွန်တော်ပါတာကိုလေ "

" ခင်ဗျားသိထားဖို့က .. ဂျုံအင်က ကျွန်တော့်မျက်စိရှေ့တင် အရွယ်ရောက်လာတဲ့ ကလေးမို့ ညီလေးဆိုတဲ့ စိတ်ကလွဲပြီးတခြားမရှိဘူး . . ဂျုံအင်ကလည်း ခင်ဗျားကိုရူးမတတ်ချစ်နေတာလေ "

" အဲ့နေ့က ဂျုံအင်က ခင်ဗျားသူ့ကိုမချစ်ဘူးဆိုပြီး အရမ်းငိုနေလို့ ကျွန်တော်ဖက်ပေးထားတာ .. ခင်ဗျား အခုသိပြီဆိုရင် သူ့ဆီကိုဘာလို့မသွားသေးတာလဲ "

ပတ်ဆောင်ဝူးရဲ့ စကားတွေကိုပြန်ကြားယောင်ရင်း ဆယ်ဟွန်း ကားကို အိမ်ရှေ့မှာထိုးရပ်လိုက်တော့သည်။ဘယ်လောက်တောင်အလျင်လိုနေလဲဆို ကားသော့ကိုတောင်မဖြုတ်မိခဲ့သလို ကားတံခါးကိုတောင်မပိတ်မိခဲ့ဘူး။

" မေမေ ဂျုံအင်ရှိလား "

ဧည့်ခန်းထဲက ထွက်လာတဲ့ မေမေ့ကိုမေးလိုက်ပေမယ့်  သူ့ခြေလှမ်းတွေက လှေကားဘက်ကိုဦးတည်နေပြီးပြီ။

" ဟင် .. အင်း ရှိတယ် .. ခုနလေးတင် ကျောင်းကပြန်ရောက် .. "

နောက်ကနေ မေမေလှမ်းပြောနေတဲ့ စကားကို ဆုံးအောင်နားမထောင်မိ။လှေကားပေါ်သာပြေးတက်ရင်း ဂျုံအင်ဆီအမြန်ရောက်အောင်သွားမိသည်။တံခါးဖွင့်ထားတဲ့ အိပ်ခန်းထဲမှာမတွေ့တာမို့ ဝရန်တာဘက်ကိုသွားကြည့်တော့မှ ဆေးလိပ်သောက်နေတဲ့ ဂျုံအင်ကိုတွေ့သည်။ဂျုံအင်က လက်ထပ်ပြီးနောက်ပိုင်း သူ့ရှေ့မှာ ဆေးလိပ်သောက်လေ့မရှိ။ခုတော့ တစ်နေရာကိုငေးပြီး ဆေးလိပ်သောက်နေလေသည်။

" ဂျုံအင် "

အားယူပြီး ခေါ်လိုက်ရတဲ့ သူ့အသံက တိုးညင်းစွာပဲထွက်သွားသည်။သူ့ကို ချက်ချင်း လှည့်ကြည့်လာတဲ့ ဂျုံအင်ဆီကို အရောက်သွားလိုက်ပြီး ခါးကနေ ဆွဲဖက်ကာ လက်တစ်ဖက်ကလည်း လည်ပင်းကိုထိန်းကိုင်ရင်း နှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက်လိုက်တော့သည်။ချိုမြိန်တဲ့နှုတ်ခမ်းတွေနှင့်အတူ သူမခံစားဖူးတဲ့ စီးကရက်အရသာပါ ရောထွေးပါလာသည်။

The One I Hate Becomes MineDonde viven las historias. Descúbrelo ahora