[Unicode]
ဆယ်ဟွန်းကျောင်းကိုရောက်ရောက်ချင်း ထိုင်ခုံမှာဝင်ထိုင်ပြီး စားပွဲပေါ်ကသူ့ထက်အရင်ရောက်နှင့်နေတဲ့ ကော်ဖီခွက်နှင့်စာရွက်တစ်ရွက်ကိုကြည့်လိုက်မိသည်။
* သဘောကျတယ် တွဲရအောင် *
ဆယ်ဟွန်းဒီကျောင်းမှာ စာသင်နေတဲ့ ၅နှစ်လုံး ဒီလိုမျိုးတစ်ခါမှ မရဖူးတာမို့ မျက်မှောင်ကုတ်ကာစိုက်ကြည့်နေမိသည်။ဘယ်လို မလေးမစားလုပ်တတ်တဲ့ ကျောင်းသူမျိုးကလာထားပါလိမ့်။
ဆယ်ဟွန်းစာရွက်ကိုလုံးချေလိုက်ပြီး ကော်ဖီခွက်ကိုဘေးတိုးကာ စာတမ်းဖတ်နေလိုက်သည်။ဆယ်ဟွန်းက အထက်တန်းကတည်းကမိမိဘာဖြစ်ချင်သည်ဆိုတာကို သေချာသိခဲ့တဲ့သူမို့ ဆရာအလုပ်ကိုရွေးချယ်မိတဲ့အတွက် နောင်တဆိုတာမရှိ။ကျောင်းသားတွေကိုစာရှင်းပြရင်း သူတို့မေးတဲ့မေးခွန်းတွေဖြေပေးရတာမျိုးဆယ်ဟွန်းသဘောကျသည်။
အတန်းချိန်ရောက်ဖို့ ၁၀မိနစ်သာလိုတော့သည်မို့ ဆယ်ဟွန်းစာရွက်တွေကောက်သိမ်းပြီး ဖုန်းခဏကြည့်နေလိုက်သည်။Instagram မှာ ၅မိနစ်လောက်ဟိုကြည့်ဒီကြည့်လုပ်ပြီး ဆိုးအာ တင်ထားတဲ့ပုံလေးတွေကို React လေးပေးပြီးမှဖုန်းကိုပိတ်လိုက်တော့သည်။
ဆယ်ဟွန်းတံခါးနားထိလျှောက်သွားပြီးတော့မှ လွှင့်ပစ်ရမယ့် ကော်ဖီဘူးကိုသတိရသည်မို့ စားပွဲဆီပြန်သွားကာ ယူရသည်။
" တော်တော်အလုပ်ပေးတယ် "
ဆယ်ဟွန်းက ကော်ဖီမကြိုက်သည့်အပြင် ဘယ်သူပေးမှန်းမသိ၊ဘာတွေပါမှန်းမသိသည့်ဟာကိုသောက်ဖို့ စိတ်ကူးမရှိပါ။
ကျောင်းဆောင်အပြင်က အမှိုက်ပုံးထဲတစ်ခါတည်းထည့်ပြီးမှ စာသင်ဆောင်ထဲဝင်ခဲ့လိုက်တော့သည်။အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ ဆယ်ဟွန်းရဲ့ ခြေလှမ်းတိုင်းဟာ အသက်မွေးဝမ်းကြောင်းနဲ့ဝါသနာထပ်တူကျနေတာကြောင့် သွက်လက်လို့နေပါသည်။
အတန်းချိန် ၃ချိန်ပြီးတော့ ညနေပိုင်းအတွက်အတန်းချိန်မရှိတော့။ဆိုးအာဆီညနေဝင်ကြိုမည်ဖြစ်ကြောင်းစာပို့ထားလိုက်သည်။ချက်ချင်းဝင်လာတဲ့ ဖုန်းကြောင့် ဆယ်ဟွန်းပြုံးရင်းကိုင်လိုက်သည်။
![](https://img.wattpad.com/cover/278343500-288-k799911.jpg)
KAMU SEDANG MEMBACA
The One I Hate Becomes Mine