Intro

1.4K 47 2
                                    


အခုလို မိုးရာသီ မိုးတွေရွာနေတဲ့အချိန်ကို နဖူးတွေ့ ဒူးတွေ့ ခံစားမိတော့ အတိတ်တစ်ချိန်ကို ပြန်သတိရမိသေးတယ် မနှစ်ကလား လွန်ခဲ့တဲ့ ရှေ့တစ်နှစ်ကလား ဟိုရှေ့တစ်နှစ်ကလား အတိအကျ မမှတ်မိချင်တော့တာလေ မမှတ်မိချင်တာလား မရမက မေ့ထားတာလား ခဏတော့ ပြန်စဥ်းစားရသေးတယ် အတိအကျဆိုရင်တော့ လွန်ခဲ့တဲ့ သုံးနှစ် ဟိုအရင် အတိတ်တုံးက​ပေါ့ အရာအားလုံးရဲ့ အစဟာ သူငယ်ချင်းအိမ်က အလှူမှာ လုပ်အားပေးတာက စတယ်ပဲ ပြောရမလား ​

အချိန်တွေနောက်ပြန်လှည့်လို့ရခဲ့ရင် ကျွန်တော် အဲ့ဒီနေ့က မေမေ ခေါ်တဲ့ အလှူအိမ်ကို သွားဖြစ်မယ် မထင်ဘူး  ဘာဖြစ်လို့ဆို အတိတ်မှာ ကျွန်တော်က အမျိုးသား တစ်ယောက်ကို အရမ်းချစ်ခဲ့ သဘောကျခဲ့ဖူးတယ်တဲ့လေ ပိုရှင်းအောင်ပြောရရင် အဲ့ဒီနေ့က အလှူအိမ်မှာ တွေ့ခဲ့တဲ့
ရှပ်အကျီ လည်ဂတုံး အဖြူ သန့်သန့်ကို လက်ခေါက်ဝတ်ထားပြီး ယောပုဆိုး အညိုရောင် ဝတ်ထားတဲ့ ကျွန်တော့်ထက် အသက်ကြီးမယ်လို့ ထင်ရတဲ့သူ ......

ကျွန်တော်က လူတွေကိုတွေ့ရင် ခြေ​​ထောက်ကို
အရင်ကြည့်တတ်တဲ့ ဥာဥ်ဆိုးရှိပေမယ့် အဲ့ဒီနေ့က ယောပုဆိုးအညိုရောင်အောက်က ကတ္တီပါ ဖိနပ်စီးထားတဲ့ ခြေထောက်တစ်စုံက ခြေသည်းတွေ တိတိပပ ညှပ်ထားပြီး ဖွေးသန့်လို့ နေခဲ့တာ အခုထိ သတိရနေတုံးပဲ

အလှူအိမ်က စားပွဲခုံ​​တွေကို အဝတ်ခြောက်နဲ့သုတ်ပေးပြီး လိုအပ်တာတွေ မှာကြားနေတဲ့ ဟန်ရှိတဲ့ ခန့်မှန်းခြေ ကျွန်တော့်ထက် သုံးနှစ်လောက်ကြီးတဲ့ အစ်ကိုကြီး တစ်ယောက်ကို ကျွန်တော် အဲ့ဒီနေ့က တွေ့ဆုံခဲ့တယ်  အတိအကျဆိုရင် ဒီလို မိုးရာသီမှာလေ

အသားညိုစိမ့်စိမ့် အရပ်မြင့်မြင့်နဲ့ ရယ်လိုက်ရင် ပါးချိုင့်တွေ ခွက်သွားတဲ့ အစ်ကိုက မချောပေမယ့် ကြည့်ကောင်းတဲ့ ထဲပါတယ် မျက်ခုံးတွေက ထူထူထဲထဲနဲ့ ရယ်လိုက်ရင် သိပ်ကြည့်ကောင်းတာပဲ အရပ်ကတော့ ကျွန်တော့်ထက် နည်းနည်းလေး မြင့်တယ်ဆိုရုံပေမယ့် သိပ်တော့မကွာလှပါဘူး အစ်ကိုနဲ့ စတင်တွေ့ဆုံပုံကလည်း ရိုးရှင်းပါတယ် စတွေ့တော့ အစ်ကိုနှုတ်ဆက်တဲ့စကားက
'' မင်းက အပြင်မှာ ပိုကြည့်ကောင်းတယ်'' တဲ့လေ

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now