အစ်ကို့အကြောင်း အတော်များများကို မင်းသူထံမှ ကျွန်တော် သိရပြီး ကျွန်တော့်မှာ ဆို့နင့်လို့အစ်ကိုက ဆေးကျောင်းသား ဘဝမှာတင် စာအလွန်တော်ကြောင်း စီနီယာများက ချစ်ခင်ရကြောင်း ဂျူနီယာများက လေးစားကြောင်း စုံလို့ပါပဲလေ ပြီးတော့ အစ်ကို့မှာ လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူရှိပေမယ့် အစ်ကိုကျန်ရစ် ဖြစ်ခဲ့ရကြောင်းပေါ့ ကျွန်တော်တော့ အဲ့အမျိုးသမီးကို စိတ်ထဲက ကျေးဇူးတင်နေတော့တာ ကျွန်တော် အစ်ကို့ကို ပိုင်ဆိုင်လိုစိတ်ကြောင့် လူယုတ်မာစိတ်တွေ ထားတတ် နေပြီလား အမျိုးသမီးတစ်ယောက်ထဲကို လေးနှစ်တိတိ သစ္စာရှိရှိ ချစ်တဲ့အစ်ကိုက ကျွန်တော်နဲ့တော့ သိပ်ကွာတာပဲ အဲ့ဒီအမျိုးသမီးကို ချစ်သလိုမျိုး ကျွန်တော် အစ်ကို့အချစ်တွေ လိုချင်တယ် ရအောင် လည်း ကြိုးစားမှာပဲ အစ်ကို့ကို မထိခိုက်သရွေ့ အစ်ကိုက မနှင်ထုတ်သရွေ့ပေါ့လေ
အစ်ကို့အကြောင်းသိရတော့ ဥာဏ်ဖြိုးကိုပြောပြတော့ အန်တီသိန်း ဦးဆောင်ပြီးလုပ်နေတဲ့ ကျွန်တော်တို့မြို့က volunteer group တစ်ခုမှာ အစ်ကိုက ခေါင်းဆောင်တဲ့လေ ကျွန်တော်ဖြင့် အဲ့ဒီ လုပ်အားပေးအသင်းအဖွဲ့တွေ ကြားတောင် မကြားဖူးဘူး ဥာဏ်ဖြိုးကတော့ ပိုဆိုးတာပေါ့ သူ့အမေ အဲ့ဒီအသင်း လုပ်လို့လုပ်ထားမှန်းတောင် မသိရှာဘူးတဲ့ ကျွန်တော်တို့ ရယ်လိုက်ရတာဆိုတာလေ အကျယ်ကြီး အော်ရယ်ဖြစ်သေးတယ် ကျွန်တော်တို့သိတာ ပျော်ပါးဖို့ပဲလေ ဒီလိုမိုက်မဲတဲ့ကျွန်တော်က အစ်ကို့လို ထိန်းကျောင်းပေးတဲ့သူနဲ့မှ အဆင်ပြေမှာပါဆို
မင်းသူကတော့ တိုက်တွန်းရှာပါတယ် အစ်ကို့ကို လွှတ်ထားလိုက်ပါတဲ့လေ ဒင်းမျက်လုံးထဲမှာ ကျွန်တော်ဟာ အမြဲလူယုတ်မာ ဗီလိန်ပေါ့ ဘာဖြစ်လို့ဆို ကျွန်တော့်ရည်းစားဟောင်းမှန်သမျှက မင်းသူကို ပြသနာတစ်ခုခုဖြစ်တိုင်း အားကိုးပြီး တိုင်တည်တတ်ကြတာကိုး အစ်ကို့အကြောင်း အတွင်းကျကျသိနေလို့ မင်းသူကတော့ သူ့ရှေ့မှာ အစ်ကို့အကြောင်း အပြောမခံဘူး ကျွန်တော်ကတော့ နောက်ဆုတ်ပေးဖို့ တစ်ခါလေးတောင် မစဥ်းစားဖူးပါဘူး ကျွန်တော် အစ်ကိုနဲ့သာဆိုရင်တော့ နောက်တစ်ယောက်ဆိုတာ ကျွန်တော့်ဘဝမှာ ထပ်ရှိနိုင်တော့မယ် မထင် အစ်ကိုသာ လက်ခံတဲ့တစ်နေ့ ဖေဖေနဲ့မေမေကို ဖွင့်ပြောပြီး အစ်ကို့လက်ကိုပဲ တွဲလိုက်ချင်တော့တာ
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...