Part 1

502 30 0
                                    

ကျွန်တော်တို့ မြို့က နယ်မြို့ဆိုပေမယ့် ရန်ကုန်ပြီးရင် အဖွံ့ဖြိုးဆုံး မြို့တွေထဲပါတယ်လို့ ပြောလို့ရတယ် လူစည်ကားတယ် သွားလာရလွယ်ကူတယ် ပို့ဆောင် ဆက်သွယ်ရေးကတော့ အများအားဖြင့် ဆိုင်ကယ် အဓိက သုံးကြတယ် ကျွန်တော့် မိသားစုရဲ့ အဓိကစီးပွားရေးက ပွဲရုံလုပ်ငန်းပါ ဖေဖေနဲ့ မေမေက မြို့မျက်နှာဖုံးတွေ ဖြစ်လို့ ကျွန်တော်တို့ကိုဆို မသိသူမရှိအောင် ရှားတယ် အဲ့ဒါကြောင့်လည်း အစ်ကိုက ကျွန်တော့်ကို စစတွေ့ချင်း သူသိတယ် လို့ ပြောတာပေါ့ သေချာစဥ်းစားကြည့်ရင် ဘဲကြီးက ကျွန်တော့်ကို အရင်ထဲက သိနေတာလား ??

ငယ်ငယ်ထဲက ချီးကျူးခံရတာက ရုပ်ရည်ကြောင့်ရယ် လူက မိုက်တိမိုက်ကန်းပေမယ့် ပင်ကိုယ်စိတ်သဘောထားက ဘွင်းဘွင်းရှင်းရှင်း မို့လို့ ကျွန်တော်ကတော့ social connection အတော်အသင့် ကျယ်ပြန့်ပြီး အပေါင်းအသင်းဝင်ဆံ့တဲ့ သူမျိုးလို့ ပြောလို့ရတယ် ရုပ်ရည်ချောတာထက် ရှမ်းသွေးစပ်တဲ့ မေမေ့စီကနေ အသားဖြူတာတွေ အမွေရထားတယ်လို့ပဲ ထင်တယ်
ကျွန်တော် အထက်တန်းစာမေးပွဲဖြေပြီးတော့ ဂုဏ်ထူး သုံးခုရတယ် အိမ်ကလုပ်ငန်းတွေကို ဦးဆောင်ဖို့ရည်ရွယ်ပြီး တီလေးတို့မိသားစုရှိတဲ့ UK မှာပဲ ကျောင်းတက်ဖြစ်ခဲ့တယ် Financial development and wealth planning မေဂျာနဲ့ ဘွဲ့ရခဲ့တယ်

ကိုယ့်မွေးရပ်မြေမှာ ပြန်ပြီး အကျိုးပြုမယ် အဲ့ဒါအပြင် ကျွန်တော် ပြင်သစ်စာသင်ရင်း ဟိုမှာနေတုံးက  ကိတ်မုန့်ဖုတ်တာ ချက်ပြုတ်တဲ့ပညာရပ်တွေကိုလည်း သင်ခဲ့သေးတယ် စားသောက်ဆိုင်တွေနဲ့  ဘားတွေဖွင့်မယ် ကိုယ်တိုင်လည်း လူငယ်ဖြစ်တဲ့အတွက် လူငယ်တွေအတွက်စဥ်းစားပြီး relax လုပ်လို့ရမယ် အစားအစာကောင်းကောင်းလေးတွေ ကိုယ်တိုင်ချက်ပြုတ်ရောင်းချသွားမယ်လို့လဲ စဥ်းစားထားတယ် အဲ့ဒီရည်ရွယ်ချက်တွေနဲ့ပဲ နယ်ကို ပြန်လာခဲ့တာ အစ်ကိုနဲ့ တွေ့ခဲ့တဲ့ အချိန်တွေက ကျွန်တော်ဘွဲ့ရပြီး ဒီပြန်ရောက်တဲ့ အချိန်တွေပေါ့

အော် ဒါနဲ့ ကျွန်တော် မိတ်ဆက်ဖို့မေ့နေတာ ကျွန်တော့်နာမည်က  အဏ္ဏဝါသစ် ပါ

ကျွန်တော်အစ်ကို့ကို ပထမဆုံး သူငယ်ချင်းရဲ့ အလှူအိမ်မှာ တွေ့ပြီးတော့ အစ်ကို့အကြောင်းက မတွေးပဲလည်း ခေါင်းထဲ ရောက်ရောက်လာတာ တကယ် ဆိုးတာ အထူးသ​ဖြင့် စကားပြောနေရင်း နာမည်မမေးမိလိုက်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိနေတာ အစ်ကိုဘယ်သူလဲ ကျွန်တော်အရမ်းသိချင်နေတယ် ဒီမတိုင်ခင် ကျွန်တော် ကောင်လေးတွေနဲ့ တွဲသွားတွဲလာရော တွဲလိုက်တဲ့အထိရော ဖြစ်ဖူးတယ် UK မှာဆို ကျွန်တော် မိန်းကလေးရော ယောကျ်ားလေးရော တွဲခဲ့ဖူးတာပဲ အစ်ကိုနဲ့ကျမှ လေးပင်နေသလို စိတ်လှုပ်ရှားနေသလို ခံစားနေရတယ် ဘယ်သူ့ကိုမေးရမလဲ အစ်ကို့ကို ဘယ်က စလိုက်ရမလဲ ဘုရားအနေကဇာတင် အလှူလုပ်တဲ့ ဥာဏ်ဖြိုးကို အဲ့လူ ဘယ်သူလဲ လှမ်းမေးလိုက်ရမှာလား ??

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now