Warning 🚫
You shouldn't read this if you are under 18" ကို မနက်ဖြန် ဘာလုပ်ဖို့ရှိလဲ "
သစ်က ကျွန်တော့် luggage ထဲမှ ချည်သားဘောင်းဘီ တစ်ထည် ယူဝတ်နေကာ စကားစတော့သည်။" ညနေတော့ ဆေးရုံသွားရမယ် မနက်ပိုင်းတွေတော့ အားပါတယ် ဘာဖြစ်လို့လဲ သစ် "
" မဟုတ်ပါဘူး မနက်ကျရင် အိမ်ပြန်မယ်လေ "
" ဒါဆို ဒီအထုပ်အပိုးတွေကရော "
" ထားခဲ့လိုက်ပေါ့ နောက်မှသယ်လည်း ရတာပဲ "
" ဟုတ်ပါပြီဗျာ သစ်သဘော "
" ညစာ မစားရသေးဘူးကွာ ထမင်းပေါင်း ဝယ်ပြီး ဒီလာမလို့ပဲရှိသေးတယ် ဆေးရုံက လှမ်းခေါ်တာနဲ့ "
" ဘယ်လိုဖြစ်လို့လဲ သစ် ဖုန်းဆက်တာလဲ မကိုင်ဘူး "
" အော်ပရေးရှင်း တစ်ခုရှိနေလို့ပါ ပေါင်မုန့်စားပြီးပဲ အချစ်လေးကို ဖက်ပြီး အိပ်တော့မယ်ကွာ... အရမ်းအိပ်ချင်နေပြီ "
ကျွန်တော် မျက်နှာသစ် ခြေလက်ဆေးနေတုံး သစ်ကတော့ လေအလျင်လို အိပ်ခန်းထဲ ဝင်သွားပြီး အိပ်ယာပေါ်တွင် အခန့်သား လှဲအိပ်နေကာ ဖုန်းကြည့်နေပြန်တော့သည်။ ပေါင်မုန့်ထုပ်ကြီးကို ယူကာ သစ်ဘေးနားတွင် ဝင်ထိုင်ရင်း ကုတင်ခေါင်းရင်းကို ကျော
မှီကာ အကြံထုတ်နေလိုက်သည်။" သစ် ဒီနားလာဦးလို့။ ကိုကိုပြောပြတာတွေ နားထောင်ချင်လား "
" ဘာကိုတုံးဗျာ အစမရှိ အဆုံးမရှိ။ တွေ့လား အိပ်ယာထဲ မုန့်တွေယူလာပြန်ပြီ အပြင်မှာသွားစားလို့ သွား "
".............. "
နားနားကို တိုးကပ်ကာ စကားဆိုလိုက်တော့ သစ်မျက်နှာရဲသွားကာ ဘေးနားက ခေါင်းအုံးဖြင့် ကောက်ပေါက်တော့သည်။
" မယုံရင် နေပေါ့ ကိုကိုကလေ သုံးနှစ်လုံးလုံး သစ်ကိုပဲ တွေးပြီး ၊ သစ်မျက်နှာလေးကိုပဲ မြင်ပြီး "" ဆက်ပြောရင် ပါးစပ်ကို တိတ်ကပ်ထားမှာနော်။ ဟိုမှာတွေ့လား အခွေလိုက် "
ခုနလေးကမှ စိတ်ကောက်ပြေတာ အခု ပေါက်ကရတွေ လာပြောနေတော့သည်" သစ်နှုတ်ခမ်းကိုက်ထားတဲ့ ပုံစံလေးက ဘယ်လိုပြောရမလဲ... "
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...