"ကို မြိုင်တော့ သော်တာနွယ် ဆိုတဲ့ မိန်းကလေးကို သဘောမတွေ့ လှပါဘူး သိပ်ကလက်တာပဲရယ် ကိုကသာ ရိုးလို့ မသိတာ မြိုင်က မြွေမြွေချင်း ခြေမြင်တယ်ကိုရဲ့ "
မြိုင့်ရဲ့ ဂရုဏာစွက်သော သတိပေးစကားကို ကြားတော့ ကျွန်တော်ပြုံးရသေးသည်" ဟုတ်လို့လား မြိုင်ထင်တာပါကွာ နွယ်က တစ်ဦးထဲသော သမီးဆိုတော့ ကို့ကို အစ်ကိုလို အားကိုးတာပါ "
" မြိုင် ရှိနေရက်နဲ့တောင် မြိုင့်အရှေ့မှာ အနေအထိုင်မတတ်တာ ကို့ကို ကြည့်နေတဲ့ အကြည့်တွေ မရိုးသားတာ မြိုင်ဘယ်လို နားလည်ပေးရမလဲ ကို "
ကျွန်တော်နဲ့ မြိုင်ရဲ့ အဓိက ပင်မ အက်ကြောင်းကြီးသည် သော်တာနွယ် ဖြစ်သည် အလွန်အေးဆေးကာ ယဥ်ကျေး သိမ်မွေ့သော မြိုင်နဲ့ ကတောက်ကဆဖြစ် စကားများရသည့် အကြောင်းသည် လည်း ထိုမိန်းကလေးနဲ့ သက်ဆိုင်၍သာ ဖြစ်သည်
ပညာအရာရော စကားအရာရော လိမ္မာပါးနပ်သော မြိုင်သည် ထိုအချိန်ထဲကပင် သော်တာနွယ် ကို ဝေးဝေးရှောင်ရန် ကျွန် တော့်ကို သတိအကြိမ်ကြိမ် ပေးတော့သည် သို့သော် ကျွန်တော့်မှာ ထောက်ထားစရာတွေ အလွန်များပြားသောကြောင့် မြိုင်သတိပေး သလို ရှောင်နေရန်မတတ်သာပဲ အလိုက်အထိုက်သာ ပြောဆို ဆက်ဆံရတော့သည်
မြိုင်နဲ့ ကျွန်တော်ဝေးသွားစေခြင်း မြိုင်ကျွန်တော့်ကို ပစ်ချထားကာ တစ်ခြားတစ်ယောက်ကို ရွေးချယ်သွားခြင်းတို့သည် သော်တာနွယ် ပယောဂ ကင်းမည်ဟု ကျွန်တော် မထင်ပါ ထိုအချိန်မှစ၍ ဝေးဝေးရှောင်နေသော်လည်း နွယ်ရဲ့ စေတနာရေစီးကမ်းပြိုမှု ၊ သဒ္ဓါလွန်ကာ တနှာကျွံမှုတို့သည် မြိိုင်လက်ထပ်ပြီး သိပ်မကြာ ဘွား ခနဲ ပေါ်လာရသလို မဖုံးနိုင် မဖိနိုင်ဖြစ်ရတော့သည်
တစ်ဖက်တွင်လည်း နွယ်သည် မြိုင့်ကို အမြဲတစေ ပုတ်ခတ်ပြောဆိုကာ အထင်မြင်သေးဟန် ပြုတော့သည်
" ခုတော့ ကိုကိုသိပြီမလား ဟေသာမြိုင် ဆိုတဲ့ မိန်းမက မြေခွေးလို မိန်းမပါဆို ကိုကို့ရှေ့မှာသာ ရိုးချင် အေးချင်ယောင်ဆောင်နေတာ သူခုလို နောက်မီးလင်းတော့ ကိုကိုတောင် သိချိန်မရလိုက်ဘူး လေ
အဟင်း ရိုးပုံရိုးအနဲ့ ငွေမက်တဲ့ မိန်းမ "
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...