Part 21

186 18 0
                                    

" ဆရာ ဆရာ အနောက်မှာ trolley...." သတိပေးနေသော သူနာပြုဆရာမ၏ အလွန်တွင် အသံတွေသည် ဆက်တိုက်ဆိုသလို  ထွက်လာတော့သည်
" ဂလုံ ဂလွမ် ဂလွမ် " အကွယ်မှ ထွက်လာသော  ဆေးတွန်းလှည်းကို မမြင်ပဲ ဝင်တိုက်မိတော့ ပိုးသတ် မည့် စတီးဇလုံများက အစပြုလို့ ကတ်ကြေးတွေ ဂွမ်းထုပ်တွေ တန်းစီပြုတ်ကျရတော့သည်

" ဆောရီး ကျွန်တော် အတွေးများသွားလို့ပါ တကယ် ဆောရီး "
အောက်ပြုတ်ကျသွားသည်များကို နေရာတကျ ပြန်ကောက်တင် ပေးရင်း ဆိုရတော့သည်
"  ဆရာနေယံ အကြောင်းတွေးနေတာလား ကို့ဆရာ "

" ပေါက်ပေါက်ရှာရှာဗျာ မဟုတ်ပါဘူး " ပင့်သက်ရှိုုက်လိုက်ရင်း သူနာပြုဆရာမလေးကို နှုတ်ဆက်ကာ အိမ်ပြန်ဖို့ စိတ်စောနေသဖြင့် အထုပ်ပြင်ရတော့သည် မေမေ့ထံမှ ဖုန်းဝင်လာသဖြင့် ဒီအချိန်လောက်ဆို အဏ္ဏဝါ အိမ်ရောက်နေလောက်ပြီ ဖြစ်သည်
" ဟုတ်ကဲ့ မေမေ "

" ပြန်လာပြီလား သား အိမ်မှာ အဏ္ဏဝါ ရောက်နေတယ် ရန်ဖြစ်ထားကြလား "

" မဖြစ်ပါဘူး ဘာဖြစ်လို့လဲ မေမေ "

" သူ မျက်နှာ သိပ်မကောင်းဘူး "

"  အော် အဲ့ကောင်ကအဲ့လိုပဲ သား ခဏနေ ရောက်မယ်နော် " ဟု သာ မေမေ့ကို လိုတိုရှင်း စကားပြန်ရတော့သည် အခုရက်ပိုင်း နေလို့ ထိုင်လို့ တကယ်မကောင်းပါ စိတ်တွေလည်း စုစည်းလို့မရဘဲ တောင်ရောက် မြောက်ရောက်ဖြစ်နေသည် ကိုယ့်သူငယ်ချင်း ကိစ္စသည် ကိုယ့်ကိစ္စပဲ မဟုတ်ပါလား ဆေးရုံတွင်တော့ ကိုထင့် မဂ်လာသတင်းသည် daily news ပင် ဖြစ်နေတော့သည်

သူနာပြုဆရာမတွေစုံလျှင်လည်း ဒီအကြောင်း တာဝန်ကျ ဆရာဝန်တွေ စကားပြောရင်လည်း ဒီအကြောင်းဆိုတော့ ကိုယ်တိုင်  ပြောလည်းမပြောချင် နားလည်းမထောင်ချင်တော့ပါ အထူးသဖြင့် ကိုယ့်သူငယ်ချင်းတစ်ယောက်လုံးကို ပစ်ချခဲ့သော လုပ်ရပ်ကိုလည်း ခုထိ ရင်ထဲတွေ အခဲမကြေနိုင်ပါ ဒီလောက်ဆို အဏ္ဏဝါတစ်ယောက် အရာရာ သိနှင့်ပြီးသည့် အနေအထား ဟု ဆိုရတော့မည် ဆေးရုံမှ အိမ်သို့ ခြေလှမ်းတွေသည် လေးပင်လျက်ရှိကာ အသည်းကွဲလာသော လူတစ်ယောက်ကို နှစ်သိမ့်ရန်အတွက် စကားလုံးများသာ ကြိုတင် စဥ်းစားနေလိုက်သည်

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now