Part 17

234 18 9
                                    

" မေမေရေ ကိုကိုရော  "

" အခန်းထဲမှာရှိမှာပေါ့ သမီးရဲ့ စာမေးပွဲနီးပီနော် စာတွေရပြီလား "

" သိပ်သိပ်ရ ကိုကိုက ဘာကိစ္စတွေရှိနေလို့ လော်ရယ်ကိုတောင် လာမကြိုတာလဲ  "

" အမလေး ညည်းအစ်ကို သန်ဘက်ခါ ခရီးသွားမလို့တဲ့လေ ရန်ကုန်က ပြန်ရောက်ထဲက မနားပဲ တကုပ်ကုပ်နဲ့  အထုပ်ပြင်နေတော့တာ တကယ်ထဲ နားပါဆိုတာကို မနားဘူး "

" ဟင် ကောက်ခါငင်ကာကြီး ခရီးမပန်းတဲ့ အတိုင်းပဲ လောရယ် သွားကြည့်လိုက်ဦးမယ် "

" ကိုကို လော်ရယ် ဝင်လာလို့ရလား "

" တိမ်တွေနေတဲ့ အရပ်စီကို နင်နဲ့ငါ လေတွေတိုက်တုံး သွားမယ်ကွာ ဖက်ထားပါ တုန်ရင်နေတဲ့ ငါ့လက်ကလေးနင်ကိုင်ထားပါ ရင်ခုန်လွန်းလို့ပါ......  🗯🗯🗯" အမယ် သီချင်းတအေးအေးနဲ့ အလုပ်ရှုပ်နေတာပါလား

" ဟိတ်  ဘာတွေစိတ်ကူးယဥ်နေတာလဲ "

" အမလေး လန့်လိုက်တာ လော်ရယ် တံခါးမခေါက်ပဲ နင် ဝင်လာတာလား "

" ခေါက်တယ်လေ ကိုကို ဖြင့် စိတ်ကူးယဥ်နေပြီးတော့  ခရီးသွားမလို့ဆို ဘယ်ကိုသွားမလို့လဲ မနေ့ကမှ ရန်ကုန်က ပြန်ရောက်တာကို "

" အေး နောင်ချိုမှာ တိမ်ပင်လယ် သွားကြည့်မလို့ "

" ဟာ မနာလိုဘူး လော်ရယ်လည်း လိုက်ချင်တယ်လို့ "

" ဒီကလေးမ ဆယ်တန်းစာမေးပွဲကဖြင့် နီးနေပြီ စာပဲ အာရုံစိုက်ထားပါ ဖြေပြီးရင် ကိုကိုလိုက်ပို့ပေးမယ် "

" ဘယ်သူတွေနဲ့လဲ ကို မင်းသူတို့နဲ့လား "

" မင်းသူတို့နဲ့ကို ဒီကိုကိုက တိမ်တွေကြည့်ရင်း ro ရမယ်ပေါ့လေ အဲ့လိုလား "

" အော် လက်စသတ်တော့ ရည်းစားနဲ့ သွားမှာကိုးးး အဲ့ဒါကြောင့် ဒီမျက်နှာကြီးက ဖြီးနေတာ " ဟု ဆိုကာ ကျွန်တော့်ပါးနှစ်ဖက်ကို လာဆွဲတော့သည်

" ဘယ်သူလဲ ကိုကို ကောင်လေးလား ကောင်မလေးလား "

" အစ်ကိုကြီး......"

" ဝိုး ကိုကို့ထက် အသက်ကြီးတယ်လား "

" အင်းးးးးး ခန့်ညားတယ် ယောကျ်ားပီသတယ် ကိုကို့ကို ချစ်တယ် အရမ်းဂရုစိုက်တတ်တယ် နောက်ကျရင် လောရယ်နဲ့ မိတ်ဆက် ပေးမယ်လေ "

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now