" ဆရာ မောနင်းးးးးးး " ညက တစ်ညလုံး ဂျူတီဆင်းအပြီး မနက်မိုးလင်းတော့ အားမပါတဲ့အသံနဲ့ ကိုသူရိန်ကို တွေ့တွေ့ချင်း
နှုတ်တက်ရတော့သည်" မောနင်းကွာ သုံးနာရီဆက်တိုက် တောက် လျှောက် ခွဲခန်းဝင်ရတာ ခုမှပဲထိုင်ရတော့တယ် ပြီးပြီလား မင်းဂျူတီက "
" ပြီးပြီလေ အိမ်ပြန်ပြီး အမေ့လက်ရာဟင်းတွေ တစ်ဝစားပြီး အိပ်တော့မှာ ဟဲဟဲ ဒါနဲ့ ကိုထင် ကို မတွေ့မိပါလား "
" မင်းထင်စည်လား ? ရန်ကုန်ကို transfer ပြောင်းတဲ့ထဲ သူပါတယ်လေ ခုတော့ off ထားတယ် မင်းဆရာ ကံကောင်းရင် မိန်းမပါ တစ်ခါထဲ ရတော့မယ် ထင်တယ်ကွ haha "
" ဟမ်???? ဘယ်က မိန်းမလဲ ကိုထင့်မှာ ချစ်သူမှမရှိတာ "
" ဒါတွေက ပြောရရင်တော့ ခက်ပါတယ်ကွာ အငယ်တွေက ဘယ်သိမလဲ ငါပြောပြီးတာနဲ့ ဒီစကားတွေ ဒီမှာတင်ရပ်လိုက်နော် မင်းသူ " ဟု ဆိုကာ ပါးစပ်ကို zip ပိတ်သလို ပုံစံလုပ်ပြသည် ပြီးတော့ ကိုသူရိန်သည် အလွန်လျှို့ဝှက်သော ကိစ္စ တစ်ခုကို ပြောတော့မည့်ကဲ့သို့ တွေးတွေးဆဆနှင့် အရှိန်ယူတော့သည် ထို့နောက်တွင်တော့ ဘေးဘီ ဝဲယာကို ကြည့်ရင်း ကျွန်တော့်ကို ထိုသို့ စကား စ တော့သည်
" ငါတို့ 3rd MB လောက်ကဖြစ်မယ်ကွ ထင်စည့် အိမ်က အရင်ထဲက သိပ်မပြေလည်ဘူး သူဆေးကျောင်းတက်နေတုံး တောက်လျှောက် သူ့ဘာသာသူ ရုန်းကန်ပြီး အပြင်မှာ ဂိုက်သင် ကျူရှင်သင်ရင်း ကျောင်းတက်ခဲ့ရတာကွ နောက်ပိုင်း သူ့အဖေရောဂါ ဆိုးလာလို့ ကျောင်းထွက်မယ့်အထိတောင် ဖြစ်တော့တာပဲ ဒါတွေ ပြန်မပြောချင်ပါဘူးကွာ ထင်စည်က သိပ်ပင်ပန်းခဲ့တာကွ " ဟု ဆို၍ ကိုသူရိန်က သက်ပြင်းချကာ စကားစတို့ကို ဖြတ်တောက်တော့သည်
" ပြီးတော့ရော ဘာတွေ ဆက်ဖြစ်လဲ အစ်ကို " သိလိုစိတ်နဲ့မေးမိပြန်တော့ မေးမိသည့် ကျွန်တော် ကိုယ်တိုင်ပင် အသက်ရှူကျပ် သွားရတော့သည်
" အဲ့လိုနဲ့ သူ့အဖေကိုကုပေးတဲ့ အသည်းအထူးကုဆရာဝန်ကြီးလေ မင်းသိမှာပါ ×××× လေ သူက ထင်စည် ကြိုးစားတာရော စာတော်တာပါသိတော့ ကျောင်းမထွက်ခိုင်းပဲ ကျောင်းစားရိတ် သူ့အဖေဆေးကုသစားရိတ် အကုန် ထောက်ပံ့ခဲ့တာ .....
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...