ဆေးရုံဝန်းထဲသို့ အရှိန်ဖြင့် မောင်းဝင်လာသော ပြောင်လက်နေသော အနက်ရောင် ford ကားတစ်စီးကြောင့် ဆေးရုံရှိ လူသူအားလုံးတို့၏ အကြည့်သည် ထိုကားစီသို့သာ ရောက်ရှိ သွားရတော့သည်
ကားရပ်သွားသည်နှင့် တစ်ပြိုင်နက် ကားတံခါး တစ်ဖက်မှ ထွက်ပေါ် လာသော pencil heel ပန်းဆီ ရောင်ထက်ရှိ ခြေဖမိုး ဖြူဖြူသွယ်သွယ်တစ်စုံသည် ကျော့ရှင်းလှပစွာ ထို့နောက်တွင်တော့ foot chain ဟု ထင်ရသော တွင်းထွက် ရတနာ သည် သူမ ခြေကျင်းဝတ်တွင် လှုပ်လီလှုပ်လဲ့ ဖြစ်နေလျက် အလွန် လိုက်ဖက်နေပြန်သည် ...
ကျောလယ်ထိ ရှည်လျားသော ဆံပင် ရွှေညိုရောင် ခွေလိမ်လိမ်များကလည်း ဝင်းလဲ့နေသော အသားအရေကို ပိုမိုဆွဲဆောင်မှုရှိနေစေရန် ထောက်ပံ့ပေးနေသလို ပုရိသတို့၏ စိတ်အာရုံ အလုံးစုံသည် bell pant အနက်ရောင်အား crop top ရင်ဟိုက် ပန်းဆီရောင်ဖြင့် လိုက်ဖက်ညီစွာ တွဲဖက် ဝတ်ဆင်ထားသော ရှိုက်ဖို ကြီးငယ် အသွယ်သွယ်ကို လှစ်ဟပြနေသော ထိုမိန်းကလေးငယ် ထံသို့သာ ဦးညွတ်လျက် ရှိနေသည် ။နာမည်ကျော် ဘရန်းဖြစ်သော LV လက်ကိုင်အိတ်ကို လက်ချိတ်ကာ ထီမထင်ဟန်ဖြင့် ဟန်ပါပါ လျှောက်လှမ်းနေသော သူမသည် နွဲ့နှောင်း ပျော့ပျောင်းစွာဖြင့် ခန္ဓာကိုယ် အချိုးအစားမှာ လှပလွန်းကာ မော်ဒယ် တစ်ဦး အလား ထင်မှတ်မှားစေနိုင်သည် သို့သော် ပြင်ဆင်ပုံတို့နှင့် ကွဲပြားလွန်းစွာ မျက်နှာပေါ်ရှိ အမူအရာ တို့မှာ အရယ်အပြုံးမရှိ ခက်ထန် မာကျောနေလျက် မာန် မာနတရားတို့ လွှမ်းမိုးလျက် ရှိနေသည်ကို အတိုင်းသား မြင်နိုင်ပေမည်
---------------------------------------------------နေခြည် ဂျူတီအပြီးထွက်လာရင်း Ward ထဲတွင် ဆူညံညံ အသံများ ကြားမိသဖြင့် လှမ်းကြည့်လိုက်ရာ လွန်ခဲ့သော နှစ်အနည်းငယ်က မြင်ကွင်းအတိုင်းပင် အကျည်းတန်လှစွာ တွေ့ရတော့သည် နောက်ဆုံးတော့ သူမ ပြန်လာခဲ့ပြီပဲ မင်းထင်စည်ကို မရအရ ကပ် နေကာ ဆေးရုံမှာ ပြသနာလာရှာတတ်သော သူမသည် အကြောင်းသိသူများအတွက် ဝေးဝေးရှောင်ရန် သာဖြစ်သည်
ဆေးရုံသို့ ဝတ်စားလာသည် မှာလည်း အလွန်လျှပ်ပေါ် လော်လီကာ မျက်နှာပေါ်ရှိ လိုတာထက်ပိုသော အခြယ်အသများနှင့်အတူ မျက်တောင်တု တစ်စုံတို့သည် နေခြည့် ရင်ကို မောဟိုက် သွားစေတော့သည် ဒီမိန်းကလေးနဲ့ လက်ထပ်ဖြစ်ခဲ့ပါက ထင်စည် သူ့ကို ဘယ်လို handle လုပ်မလဲဟူ၍သာ တွေးမိတော့သည် အခုတော့ ကိုယ်တိုင် ဝင်မပါလို့မရသည့် အနေအထား ဖြစ်နေသောကြောင့်...
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...