Part 26

226 18 33
                                    


ကျောင်းကနေ စာသင်ပြီးအပြန် ဆေးရုံတွင် လူနာကြည့်စရာရှိနေ၍ တစ်နေ့တာ လုပ်ငန်းဆောင်တာများသည် ဇယ်ဆက်နေသလို မအားမလပ်ဖြစ်နေကာ ဆေးရုံကို တန်းဝင်ရတော့သည် ကိုယ့်သဘောသာဆိုရင်တော့ အိမ်ပြန် ရေမိုးချိုး ခေါင်းလျှော်ပြီး လှဲအိပ်ပစ်လိုက်ချင်တော့သည် မီးပွိုင့်အတော်ကြာကြာ မိနေတုံး social media တွင် တက်သစ်စ မော်ဒယ်တစ်ဦး၏ သတင်းတက်လာသဖြင့် ကြည့်မိကြည့်ရာ ကြည့်လိုက်ရာတွင် ထိုကောင်လေးနှင့် သစ်ရဲ့ သတင်းတို့သည် ထင်ကြေး အမျိုးမျိုးပေးကာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်နေတော့သည်

မျက်နှာကို blur လုပ်ထားကာ လေဆိပ်တွင် ဖက်နေသော ပုံများ ဟိုတယ်သို့ အတူဝင်သွားသော ပုံတို့သည် နှလုံးသားကို ဓားနဲ့မွှန်းနေသလို ဖြစ်နေတော့သည် ဝဋ်တွေကတော့ တစ်ဖန် ပြန်လည်ခဲ့ပြီ ထင်တယ်  နောက်ကျိသွားသော စိတ်အာရုံတို့ကို အမြန်စုစည်းလိုက်ကာ မျက်ခုံးနှစ်ဖက်ထိစပ်ရာနှင့် နားထင်တို့ကို လက်ညှိုးလက်မ သုံး၍သာ နာနာ ဖိနှိပ်လိုက်ရတော့သည် ကျွန်တော်နဲ့ သစ်ရဲ့ တွေ့ဆုံခြင်းသည် သစ်ဘက်မှ ခါးခါးသီးသီး ဖြစ်နေကာ သိပ်မလှပပါ သစ် ကျွန်တော့်ကို မချစ်တော့ဘူးလား ဆိုသည့် အတွေးတွေသည် ခေါင်းထဲတွင် နေရာယူလာတော့သည် တတိယလူ ရှိလာခဲ့ပြီ ဖြစ်သဖြင့် သစ်တစ်ယောက် ကျွန်တော့် အပေါ် စိတ်မရှိတော့တာလည်း ဖြစ်နိုင်ပါသည် အတွေးတို့ကို လက်စသတ်ကာ ကားပါကင်တွင် နေရာယူ၍ ဆေးရုံဝန်းထဲသို့သာ ဝင်လာခဲ့ရတော့သည်....

မနေ့က လော်ရယ့်အိမ်မှာ ညနက်သွားသဖြင့် မနက်စောစောစီးစီး ဟိုတယ်ပြန်ကာ check out လုပ်ရတော့သည် ထို့ နောက် ရှော့ပင်းစင်တာတွင် လတ်တလောတော့ လိုက်ဖက်မည်ဟုထင်သော  အဝတ်အစား လေးငါးစုံ ဝင်ဝယ်ကာ တက်ကြွသော ခြေလှမ်းတို့က မဂ်လာမဦးလိုက်ရသော လေထဲက ကွန်ဒိုစီသို့သာ။ မင်းသူနဲ့ ဖုန်းအဆက်အသွယ် ရနေပေမယ့် ဒင်းက နယ်ပြန်ရောက်နေပြန်သည် အင်းမလုပ် အဲမလုပ်နဲ့ အာလေးလျှာလေး ဖြစ်နေကာ ဘာတွေဖုံးကွယ်ထားလဲ မသိပေမယ့် ကျိုးကြောင်းမဆီလျော်ပဲ ပြောချင်တာပြောနေသော မင်းသူကို ဟောက်စားလုပ်လိုက်ရတော့သည် အခန်း သော့က သူ့စီမှာပေမယ့် pw ဖြင့် ဖွင့်ဝင်လို့ရသေးသည် မဟုတ်ပါလား။ 

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now