မနေ့က ဂျူတီ ပြီးပြီးချင်း ဖုန်းခေါ်မိသည်က သစ် ထံသို့သာ ဖြစ်သည် သို့သော် သစ် ဖုန်းမကိုင်ပါ Short message ပို့ထားသော်လည်း သစ်က စာမပြန်ပါ သစ် သူ့ကိုများ လက်စားချေနေတာ များလား ဟု အတွေးဆိုးတို့က ဝင်မိပြန်တော့ စိတ်ထဲ ရှုပ်ထွေးသွားရသည် မဖြစ်နိုင်ပါ သစ် က သူ့အပေါ် အဲ့လိုလုပ်မည့်သူ မဟုတ်ပေ မင်းသူကိုလည်း အသိပေးရမည့် ကိစ္စရှိနေ၍ သစ်အကြောင်းလည်း သိချင်လွန်း၍ ရှေ့မျက်နှာ နောက်ထားပြီး ဖုန်းခေါ်မိသည်က မင်းသူစီသို့သာ
" ဟဲလို အစ်ကို "
" အေး မင်းဂျူတီချိန်းထားတာ ဘယ်တွေရောက်နေတာလဲ ဆရာကြီးက saturday sunday ကို သူ့အိမ်မှာ lecture ချိန်ရှိလို့ မင်းတို့အုပ်စုကို လူစုခိုင်းထားတယ် ငါ့ကိုပြောခိုင်းလိုက်လို့ " ဟူ၍ စကား စ ရတော့သည်
" ဒီမှာ အဏ္ဏဝါလေ အပြင်းဖျားနေတာ တစ်ပတ် လောက်ရှိပြီ ဆရာဝန်ရှိပေမယ့် အန်တီတို့က အိမ်မှာ မရှိတော့ သူတစ်ယောက်ထဲ မလုပ်တတ် မကိုင်တတ်နဲ့ ဥာဏ်ဖြိုးနဲ့ ကျွန်တော် လူနာစောင့် လုပ်ပေးနေရတော့တာပဲ "
" တော်တော်ဆိုးလို့လား ဘာလို့ အပူချိန်မကျတာလဲ"
" တုပ်ကွေး လို့တော့ ထင်တာပဲ အစ်ကို အပူချိန်က တက်လိုက် ကျလိုက်ပဲ ဒီကောင်ကလဲ ခေါင်းမာတယ် အစာလဲ ဝင်အောင်မစားနဲ့ ဆိုတော့ ကျွန်တော်လည်း ခုထိ သူ့အိမ်မှာ သောင်တင်နေတော့တာ"
" အော် ခက်တာပဲ ငါလာခဲ့မယ် မင်း သူ့အိမ်မှာပဲ စောင့်နေဦး " စိုးရိမ်ရေမှတ်တို့က မြင့်တက်ကာ မေမေ့ကို အကျိုးအကြောင်းပြောပြီး ဆိုင်ကယ်ကို သစ်ရဲ့ အိမ်တည်နေရာကိုသာ ဦးတည်ရတော့သည် ဒီအိမ်ကို သစ်က အခေါက်ခေါက် အခါခါအလည်ခေါ်ပေမယ့် တကယ်ရောက်လာတော့လည်း ဖိတ်ခေါ်သူမရှိပဲ လာခဲ့ရပြန်သည် မင်းသူမှ ခြံတစ်ခါးကို ဆင်းဖွင့်ကာ ကျွန်တော့်ကို လာကြိုတော့သည်
အိမ်နဲ့ ခြံရဲ့ ခမ်းနားကြီးကျယ်ပုံသည် ရုပ်ရှင်တွေထဲက ထက်ပင် ပိုနိုင်သည်ဟု ကျွန်တော်ထင်သည် သစ်မေမေသည် မေမေ့လိုပင် ပန်းပင်စိုက်ရတာ ဝါသနာပါသည်ထင် အိမ်နှင့်ခြံသည် အတန်ငယ်ကွာဝေးလျက်ရှိရာ လမ်းတစ်လျှောက် နှင်းဆီရောင်စုံများ စံပယ်အိုးပုတ်များနှင့် သစ်ခွပန်း မျိုးစေ့ပေါင်းစုံကို ဒီဇိုင်းဖော်ကာ စိုက်ပျိုးထားသော စင်ငယ်လေးသည် ပန်းခြံလေးသဖွယ်ပင် ဖြစ်နေသည် ထို့အပြင် အရိပ်ရအပင်ကြီးများ ရွှေပန်းနှင့် ငွေပန်းပင်များကအစရှိ၍ လေတိုးချိန်တွင် မွှေးပျံ့သော ပန်းရနံ့ပေါင်းစုံတို့ကြောင့် စိတ်အစဥ်ကို ကြည်လင်သွားရစေသည်
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...