အိပ်ယာ နိုးနိုးချင်း ဒီနေ့ ရက်စွဲကို ကြည့်မိတော့ 13 ရက်နေ့ သောကြာနေ့ ။ အနောက်နိုင်ငံတွေ နိုင်ငံခြားမှာ ဆိုရင်တော့ Friday 13 ကို unlucky day လို့ သတ်မှတ်ကြတယ် ကျွန်တော့်အတွက်ရော ? ဒီနေ့က ကံကောင်းမှာလား ကံဆိုးမှာလား ကိုယ်တိုင်လည်း မသိ ။
ဒီနေ့ အိမ်မှာ မေမေ မရှိပါ လော်ရယ် ဆယ်တန်းစာမေးပွဲ ဖြေဖို့ နီးကပ်နေပြီ ဖြစ်သဖြင့် လိုအပ်သော စာရေးကိရိယာနှင့် စားသောက်ကုန်များ သွားပို့မည်ဟု မနေ့က မှာသွားသည် မှန်ရှေ့တွင် မြင်နေရသော ကျွန်တော့် ပုံရိပ်သည် မျက်လုံးများ ဖောင်းအစ်နေသလို ။ မနေ့က ငိုခဲ့သောကြောင့် ဖြစ်မည် အသံပြုကြည့်မိတော့ အသံတွေတောင် ဝင်နေသေးသည်
မနေ့ကတော့ ကိုတို့ ဆေးရုံကနေ ထမင်းချိုင့်ပို့ ပြန်လာကထဲက တနေကုန် အိပ်ယာထဲသာ ခွေနေဖြစ်သည် မင်းထင်စည်ဆိုသော လူနှင့် စတွေ့ခဲ့ပုံက စလို့ မနေ့က အခြေအနေတွေ အထိ တစ်ခုချင်းစီ အကျဥ်းချုပ် ခံစားရင်း တနေကုန် လွမ်းပစ်လိုက်သည် ကို့ကို အမျိုးသမီး တစ်ယောက်နှင့် ပူးကပ်လျက်ရှိနေသော မြင်ကွင်းသည် နှလုံးသားကို ဓားနဲ့ အထစ်ထစ် မွှန်းနေသလို ခံစားရခက်လှသည်
ဒီလထဲဆို ကိုနဲ့ ချစ်သူ ဖြစ်တာ ကိုးလပြည့်ပြီ သို့သော် ကို့အနား နေရသည်မှာ အချိန်အရမ်းကြာခဲ့သလိုပင် ဒီလူကို လက်လွှတ်နိုင်ပါ့မလား တွေးမိတာလည်း အကြိမ်ကြိမ် ကံကောင်း လျှင်တော့ ကျွန်တော်နဲ့ ကိုနဲ့ ရွှေလက်တွဲရမည် ကံဆိုးရင်တော့ ကျွန်တော် ကျန်ရစ်ဖြစ်ရမည် ဒီ့ထက်ပိုပြီး ဆုံးရှုံးစရာ မယ်မယ်ရရ မရှိတော့ ။
လတ်တ လော လွမ်းခန်း မဖွင့်နိုင်သေးသောကြောင့် ရေအေးအေးဖြင့် ခေါင်းလျှော် ရေချိုးပြီး Wardrobe ထဲက အကောင်းဆုံး ဆိုသော အဝတ်အစားများကို ရွေးဝတ်ရတော့သည် နဂိုဖြူသော အသားအရေတွင် ပိုမိုထင်ဟပ် နေစေရန် ရှပ်အကျီ အဖြူ အပွကို တမင် ရွေးဝတ်လိုက်သည် ဂျင်းဘောင်းဘီ အရောင်ခပ်မှိုင်းမှိုင်း မပွမယောင်း အနေအထားကို retro စတိုင် အနားများကို ခေါက်ဝတ်ကာ ဒီနေ့အဖို့တော့ adidas ဖိနပ်ပဲ စီးသွားတော့မည် ဖိနပ်စင်တွင် ကို မွေးနေ့လက်ဆောင်ပေးထားသော ဖိနပ်လေး တစ်ရံကလည်း အခန့်သား ။ ကြည်နူးခဲ့သော နေ့ရက်များကိုတော့ ပြန် မတမ်းတလိုတော့ပါ ဒီနေ့၏ အဆုံးအဖြတ်ကို သိပြီးရင် ဘာဆက်လုပ်ရမယ် ဆိုတာ စဥ်းစားဖို့သင့်နေပြီ မဟုတ်လား ရင်ကွဲနာကျခဲ့တာ မနေ့က တစ်ရက်ထဲနဲ့တင် လုံလောက်နေပါပြီ
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...