Part 6

241 27 0
                                    

အိပ်မက်လား တကယ်ဖြစ်နေတာလား ? ကျွန်တော်အိပ်နေတုံး သစ် တစ်ယောက် ကျွန်တော့်နှုတ်ခမ်းကို လာနမ်းသည်တဲ့လေ အိပ်တာ နည်းနည်းကြာသွားလို့ မှတ်ဥာဏ်တွေက ဝေဝါးနေသည့်အတွက် အနည်းငယ် ကိုယ်လက် လှုပ်ရှားမှု ​ပြုလုပ်ကာ သူ့ကိုပြန်ကြည့်တော့ ကုတင်ပေါ်မှာပင် ပုံစံမပျက် နှစ်ခြိုက်စွာ အိပ်နေလေသည် မဖြစ်နိုင်ပါ သူ့ဦးလေး တစ်ယောက်လုံးရှိနေတာ သစ် ဒီလောက်တော့ ရဲတင်းမည်ဟု မထင်ပါ

မနက် ခြောက်နာရီကျော်ပြီဖြစ်၍ ကိုယ်လက်သန့်စင်ကာ နားနေဆောင်သို့ ပြန်လာခဲ့ရသည် ညက လူနာလည်း သိပ်မရှိ၍ သစ်အခြေအနေကို စိတ်ချရဟန် မရှိသဖြင့် စာကြည့်ရင်း လာစောင့်ပေးနေသည်မှ စားပွဲပေါ်တွင် အိပ်ပျော်သွားခဲ့သည်ပဲ ရှစ်နာရီခွဲလျှင် ဂျူတီ ပြီးပြီ အိပ်ပျော်နေသည့်သူကို အိပ်ရေးပျက်သွားမှာ စိုးရိမ်သည့်အလား နှိုးပြီးမနှုတ်ဆက်တော့ နေမြန်မြန်ပြန်ကောင်းပါစေ သစ် ဟု စိတ်ထဲမှ ဆုတောင်းကာပင် ထွက်လာခဲ့လိုက်တော့သည်

အိပ်ချင်မူးတူးဖြင့် နိုးလာသည်မှာ မျက်စိကို ဝေ့ဝိုက်၍ ကြည့်မိသော် မြင်ချင်သော ပုံရိပ်ငယ်ကို မတွေ့မိသဖြင့် အနည်းငယ် လေးလံ ထိုင်းမှိုင်းသွားရသည် အားကိုးဖွယ်ရာ ပုံရိပ်တစ်ခုအစား စားပွဲပေါ်တွင် နံနက်စာ စားကောင်းသောက်ဖွယ်များ စားသောက်နေသော မင်းသူနဲ့ လေးငယ်ကိုသာ တွေ့လိုက်ရသည် ဒီလောက်ဆို အစ်ကိုဂျုတီပြီး၍ ပြန်ပြီထင်သည် ကိုယ့်ကို နှုတ်မဆက်သွားရကောင်းလား ဆိုပြီး ​ထူးထွေပြီး ကျွန်တော် ဝမ်းမနည်းချင်တော့ပါ အစ်ကို့အတွက် ကျွန်တော်သည် အသိညီလေး တစ်ယောက် ဟူသော ပညတ်ချက်ထက် မပိုသောနေရာတွင်သာ ရှိသည် မဟုတ်လား သက်ပြင်းမောကိုချပြီး အိပ်ယာထရန်သာ ကြိုးစားရတော့သည် 

"နိုးပြီလား ထလို့ရလား ငါမျက်နှာသစ်ဖို့ ဝိုင်းကူပေးမယ် ညက ဘယ်လိုဖြစ်တာလဲ pressure ကျလို့ဆို "

" အင်း ခုတော့ သက်သာပါပြီ ရတယ်  ​မင်းသူ ငါတစ်ယောက်ထဲ သွားမယ်" ဟုပြောကာ မျက်နှာသစ်ရာ စီသို့သာ နေမကောင်းပေမယ့် မျက်နှာချောချောတွင် ဒဏ်ရာအနည်းငယ် ရှိသည်မှလွဲ၍ ကြည့်ကောင်းနေဆဲ ဖြစ်သည်မှာတော့ ငြင်းလို့မရပေ ရေအေးအေးဖြင့် မျက်နှာကို လောင်းချကာ လန်းဆန်းသွားတော့မှ လက်ချောင်းသွယ်သွယ်များက နှုတ်ခမ်းပေါ်သို့ အရောက်တွင် ကိုယ်တိုင် ကြက်သီးထသွားရသည် ညက ပိုင်ရှင်မသိအောင် ထိတွေ့ခဲ့ရသော နှုတ်ခမ်းအစုံသည် နွေးထွေးသည် နူးညံ့သည် ချိုမြိန်သည် ထို့အတူ ကျွန်တော့်ကို စွဲလမ်းစေတတ်သည် ထိုနှုတ်ခမ်းပါးများကို အမြဲတမ်း ထိတွေ့ချင်မိသည် မူးယစ်ဆေးမဟုတ်ပါပဲ ကျွန်တော့်ကို အလိုလိုမူးယစ်စေသည့် ထိုအရာကို တောင့်တမိသည်

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now