Part 23

207 14 21
                                    

နေ့မှရက် ရက်မှလ လမှ နှစ်အထိသို့ အကြိမ်ကြိမ် အလီလီ ကူးပြောင်းကာ ကျွန်တော် အမိမြေကို စွန့်ခွာခဲ့သည်မှာ အခု ချိန်ဆို တစ်နှစ်ကျော်ရှိခဲ့ပြီ မေမေကတောင် ပြောနေသည် အဏ္ဏဝါက လူသစ်တစ်ယောက်လို ဖြစ်သွားသည်တဲ့လေ အတွေ့အကြုံတွေက သင်ခန်းစာပေးရင်း ကျွန်တော့်ကို ရင့်ကျက်စေခဲ့ပြီ ထင်ပါသည် ဒဏ်ရာတွေသည် ပျောက်သင့်သလောက် ပျောက်ကင်းပြီလို့တော့ ထင်နေပေမယ့် အမာရွတ်ကတော့ သေရာပါပင် ဖြစ်တော့မည်

ကော်ဖီဆိုင်ထိုင် နေတုံး ကော်ဖီခါးခါးကို သောက်မိရင်လည်း အတိတ်ကလူကို သတိရလှသည် ကားထဲမှ လူငယ်စုံတွဲကို တွေ့မိရင်လည်း ငယ်စဥ်က မိုက်ရူးရဲဆန်စွာ လူတစ်ယောက်ကို ကားပေါ်မှာ ချစ်ရေးဆိုခဲ့တာ တွေးမိပြီး ပြုံးမိသေးသည် အဲ့အချိန်က သတ္တိတွေ အခု ဘယ်ရောက်သွားသလဲ ? ထိုလူရော အခုချိန်ဆို ဘာတွေ ဖြစ်နေမလဲ သိပ်တော့သိချင်ပါသည်

မင်းသူကတော့ ထိုလူ့အကြောင်းတွေကို ကွေ့ဝိုက်၍ တစ်မျိုး တဲ့တိုးသဖွယ် ပြောပြလေ့ရှိသည်  UK exam level II ထိ အောင်မြင်ကာ အထူးကု ဖြစ်နေပြီ ဆိုတဲ့အကြောင်း အပြင်ဆေးခန်း ထိုင်သည် ဆိုတဲ့ အကြောင်း စုံလို့ပင် သို့သော် ကျွန်တော်သိချင်သည့် သူ့အိမ်ထောင်ရေး အကြောင်းကိုတော့ ဘယ်သူမှ ဖွင့်ဟမလာခဲ့ပါ အဆင်ပြေနေမည် ဟု ဆုတောင်းမိ ပါသည် social acc တွင် မကြာမကြာ ခိုးကြည့်ရသော ထိုပုံရိပ်သည် အရင်ကထက်ပင် ပိုကြည့်ကောင်းနေပြန်တော့ ဒီတစ်ခါလဲ ရင်ကို အသာအယာ ဖိထားရပြန်သည်

ကျွန်တော့်ကို ထားသွားတဲ့ မင်းထင်စည်မှ ဟုတ်ပါလေစ အသက် ၃၀ နီးပါးရှိတော့မည့် သက်လတ်ပိုင်း ဆရာဝန်သည် ထိုမျှ ချောမောနေဖို့ မကောင်းပါ ကျွန်တော်မတွေးအပ်သော ကျွန်တော်တို့ နှစ်ယောက် ပုံရိပ်သည် အတွေးထဲ အလုံးအရင်းဖြင့် ဝင်လာသဖြင့် ဖုန်းကို ချက်ချင်း ပိတ်ချရကာ ရေတစ်ခွက်ထသောက်ရင်း အတွေးတွေကို အမြန်စုစည်းလိုက်သည် ထိုသို့တွေးမိလေတိုင်း ထိုလူရဲ့ ဇနီးသည်ကို အားနာရပါသည် တကယ်ဆို တစ်ပါးသူ လင်ယောကျ်ား အပေါ် စိတ်နဲ့တောင် မပစ်မှားသင့်တော့ဘူး မဟုတ်လား ....
---------------------------------------------------------------

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now