Part 25

229 16 5
                                    

ကျွန်တော့်ရဲ့ နေ့သဓူဝလုပ်ငန်းစဥ်တစ်ခု ဖြစ်သော နေ့စဥ် အမြဲ to do lists လုပ်သည့် အကျင့်ရှိနေခြင်းကြောင့် ယခုလဲ လေယာဥ်ပေါ်တွင် တွေးကာ ငေးကာဖြင့် ရန်ကုန်ရောက်ရောက်ချင်း လုပ်ဆောင်ရမည့် အရာများကို မှတ်စု စာအုပ်တွင် လက်ရေး သော့သော့ဖြင့် ရေးသားထားလိုက်သည်

1) ရှိန်းနှင့် lunch အတူစားရန် ။
2 ) လော်ရယ်ကို သွားတွေ့ရန် ။
3 ) မေမေ့ကို ဖုန်းဆက်အကျိုးအကြောင်းပြောရန်။
4 ) ဟိုတယ်တွင် အနားယူရန် ။
5 ) ရန်ကုန်မှ အသိ၏ bakery school သို့ သွားရောက်လေ့လာရန် ။
6 ) အကျီဝယ်ရန်။
ခရီးရောက်မဆိုက် ဆိုပေမယ့် အလုပ်ကို သဲကြီးမဲကြီး လုပ်တတ်သောအကျင့်သည် စွဲကပ်လာပြီးဖြစ်သဖြင့် ဒီနေ့ မဖြစ်မနေ လုပ်ရမည့် အလုပ်တို့ကိုတော့ အာရုံစိုက်ထားလိုက်သည်
မေ့တော့မလို့
7) မင်းသူကို ဖုန်းဆက်ရန် ။

အမိမြေသည် ကျွန်တော်နှင့် အဆင်အမြဲ ဓာတ်တည့်သည် ထင်သည် လေယာဥ်ပေါ်က ဆင်းဆင်းချင်း စိတ်တွေက လန်းဆန်းသွားကာ အမေရီကာနို အရသာသည် မွှေးပျပျဖြင့် တက်ကြွနေစေတော့သည် အထုပ်အပိုးတွေရွေးပြီး luggage သယ်လာစဥ်မှာပင် ကျွန်တော့်ကို လာကြိုသူကို တွေ့ရတော့သည်။

" ကိုသစ်... " ဟူ၍ အသံကို ဆွဲငင်ကာ အသံ ကျယ်ကျယ်ဖြင့် ပြေးဖက်လာသောကြောင့် ရင်ဘတ်တောင် အောင့်သွားသလို..

ဘေးက လူတွေကတော့ ကွက်ကြည့်ကွက်ကြည့်ပင် အဘယ်ကြောင့်ဆိုသော် ရှိန်းသည် နာမည်ကြီး မော်ဒယ်ဘွိုင်း တစ်ယောက် ဖြစ်သောကြောင့်။ ရှိန်းနှင့်ကျွန်တော် ခင်မင်ခဲ့ပုံသည် ထူးဆန်းသည် ဟိုအရင်နှစ်လောက်က ရှိန်း လန်ဒန်ကို အလည်လာရင်း ခါးပိုက်နှိုက်များထံမှ ပိုက်ဆံအိတ် အလုခံရသဖြင့် ကျွန်တော် ဝင်ကူညီပေးခဲ့ရင်း ရင်းနှီးခဲ့ရသည်။
" ဘယ်လို ဖြစ်တာလဲ ရှိန်းရာ အေးဆေးလာစမ်းပါကွာ  "

" Haha ကိုယ့်အကို ရောက်လာပြီ ဆိုတော့ ပျော်လို့ပေါ့ဗျာ " ပါးစပ်ကလဲပြော ခါးကိုလည်း တင်းနေအောင် ဖက်ထားသော
ရှိန်းအပြုအမူတွေသည် ကျွန်တော့်ကို တစ်စုံတစ်ယောက်အား သတိရစေရန် လှုံ့ဆော်ပေးနေတော့သည် တစ်ချိန်တစ်ခါတုံးက ကျွန်တော်သည်လည်း လူတစ်ယောက် အပေါ် မိုက်ရူးရဲဆန်စွာ ထိုကဲ့သို့ ပြုမူခဲ့မိသည် မဟုတ်ပါလား အချိန်တွေကုန်တာ မြန်တယ်ပဲ ဆိုရမလား ဝေးကွာခဲ့ခြင်း အရေအတွက်သည်ပင်  သုံးနှစ်နီးပါး ရှိခဲ့ပြီလေ

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now