ဦးထွေးအတွက် မေမေထည့်ပေးလိုက်တဲ့ စားစရာတွေ ယူပြီး ရောင်ချာချာဖြစ်နေတုံး မင်းသူစီ ဖုန်းဆက်တော့ သူငယ်ချင်းကောင်းတို့၏ ထုံးစံအတိုင်း ဖုန်းမကိုင် အဲ့ဒါနဲ့ မေမေ msg ပို့ပေးထားတဲ့ လိပ်စာကို ကြည့်မိတော့ ဒုတိယထပ် ညာဘက်အခြမ်း အခန်းနံပါတ် ×××ဆေးရုံထဲ စရောက်ထဲက သတိထားမိတာ ပိုးသတ်ဆေးနံ့ပင် မနက်ခင်းအချိန်ဖြစ်ပေမယ့် လူနာစောင့်များ ဆရာဝန်များ အလုပ်ရှုပ်နေကြသည် ဒီမြို့မှာနေပေမယ့် ကြီးကြီးမားမား ဖျားနာတာမျိုးမရှိဖူး၍ ဒီကိုမရောက်ဖြစ်ပေ
အခုမှတွေ့ရသလို ကြည့်မိသလောက် နယ်ဆေးရုံဖြစ်ပေမယ့် ဆေးရုံဝင်းတွင်လည်း အပင်များများစိမ်းစိုစိုနဲ့ အတော်အသင့် ကျယ်ဝန်းကာ သပ်သပ်ရပ်ရပ်ရှိလှသည် ကားပါကင်တွင်လည်း ကားအပြည့်ပင် မြို့ကြီးအဆင့်မို့ လူနာလာရောက်တာ များသည်ဟုသာ တွေးမိလိုက်သည် ကျွန်တော် ဘယ်လောက်ငေးတာကြာသွားလဲမသိ ဆေးကောင်တာမှ အစ်မများ ကျွန်တော့်ကို ပြုံးစိစိကြည့်နေမှ လာရင်း ကိစ္စကို သတိရတော့သည်
မေမေ့လိပ်စာအတိုင်း တန်းတန်းမတ်မတ်တက်သွားတာက ဦးထွေးရှိရာ နေရာဆီသို့ ထိုနေရာမှာ သပ်သပ်ရပ်ရပ်တော့ရှိသည် အခန်းသီးသန့်မဟုတ်သော်လည်း လူနာများ privacy ရှိစေရန် လိုက်ကာများခြားထားသည် ဧည့်သည်ထိုင်ရန် ခုံတန်းရှည် လူနာစောင့်အတွက် ခုံသီးသန့်ရှိသည် စားပွဲတွင်တော့ ရေနွေးဓာတ်ဘူးနှင့် စားစရာများ တင်ထားသည် လေအေးပေးစက် အေးစိမ့်နေအောင် ပေးထားသည် ကျွန်တော်ကပဲ စကာ
'' ဦးထွေး သက်သာရဲ့လား ဖေဖေနဲ့မေမေက ကျွန်တော့်ကို ကိုယ်စားလွှတ်လိုက်လို့ ဒီမှာ မုန့်တွေနဲ့ စားစရာတွေ ဒါက လိုတာသုံးဖို့"
ဟု ဆိုကာ စားပွဲတွင် မေမေချက်ပြုတ်ပေးလိုက်သည်များကို နေရာချရတော့သည် မေမေမှာထားတဲ့အတိုင်း သေချာပြောပေးရသည် ပိုက်ဆံလဲ ဦးထွေး လက်ထဲသေချာထည့်ပေးရသည် မဟုတ်ရင် ကိုအဏ္ဏဝါ ဆိုပြီး ကျွန်တော့်ကို မေမေပွားတော့မည်
''အေးပါကွာ သက်သာပါတယ် ကိုယ်တိုင်လာရလားကွာ တစ်ခြားတစ်ယောက်လွှတ်ရောပေါ့ ဆရာရော ဆရာကတော်ရော ကျေးဇူးတွေများနေပါပြီကွာ '' ပြောပြီး ဦးထွေးမျက်နှာမှာ အားနာရိပ်တွေ ဖြတ်ပြေးသွားတာ တွေ့လိုက်ရသည်
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...