" အမျိုးသမီး ကျန်းမာသန်းစွမ်းရေးနှင့် ပြန်လည်ထူထောင်ရေး စင်တာ"
အဆောက်အဦး အဝင် အဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ် ကြီးကို ငေးကြည့်ရင်း သစ် အတွေးနယ်ချဲ့နေမိတော့သည်။ ကိုက ဒီကို ဘာလို့ ခေါ်လာတာလဲ ?
" ဒါ ဘယ်နေရာကြီးလဲ ကို "" ရောက်တော့ သိမှာပေါ့ကွာ "
ရန်ကုန် မြို့ပြင်တွင် တည်ရှိသော ထိုနေရာသည် ငြိမ်းအေးပြီး အေးချမ်းသည်ဟု ထင်ရသည်။ အရိပ်ရ သစ်ပင်များ ကျိုးတိုး ကျဲတဲနှင့် မြေနေရာသည် တောင်ကုန်းတွေလို နိမ့်သွားလိုက် မြင့်သွားလိုက်ဖြင့် အခန်းအဖွဲ့များဖြင့် အဆောင်တွေသည် မနည်းမနော။ အကျီအဖြူရင်ဖုံးနှင့် ထဘီ ဝတ်ဆင်ထားသော အမျိုးသမီးများကို နေရာ အနှံ့ တွေ့နိုင်သည်။ငုဝါပင်များ။ ခရေပင်ကြီးများကြောင့် ပန်းရနံ့ပေါင်းစုံတို့ ထုံမွှေးလျက် ရှိနေသည်။ နောက်ထပ် အဆောက်အဦးတစ်ခုသည် ဘုန်းကြီးကျောင်းဖြစ်ဟန်တူကာ ဘေးတွင် စေတီငယ် တစ်ဆူတည်ထားသည်။ ကားပေါ်မှနေ၍ မျှော်မှန်းကာ သရဏဂုံ သုံးပါးကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။ ပင်မ အဆောက်အဦး ဖြစ်ဟန်တူသော နေရာတစ်ခုတွင်တော့ လူတစ်ယောက်သည် ကျွန်တော်တို့ကို လက်လှမ်းပြနေသည်။
အအေးဗူးများ။ မုန့်များ။ လက်ဆောင် ပစ္စည်းများ တင်ဆောင် လာသော ကျွန်တော်တို့ ကားလေးသည် ကားပါကင် အကျအန ထိုးကာ လက်လှမ်းပြနေသော ထိုသူစီသို့ ဦးတည်လျက်။
" ဆရာ အချိန်ကိုက်ပဲဗျာ။ မနက်အစောထွက်လာတာလား "" ဟုတ်တယ် ကိုသိန်း... ဒီမှာလေ ကျွန်တော့်အမျိုးသား အဏ္ဏဝါသစ် "
" တွေ့ရတာ ဝမ်းသာပါတယ် အစ်ကို။ ဆွမ်းကျွေးတုံးက မလာလိုက်ရလို့ အားနာနေတာဗျာ "
" ရပါတယ်ဗျာ။ ဒါနဲ့ ဒီနေရာလေးက တော်တော်အေးချမ်းတယ်နော် ရန်ကုန်မှာ ဒီလိုနေရာရှိမှန်းမသိလို့ "
" ဟုတ်တယ်။ ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်တယ်။
ဘဘုန်းစီပဲ အရင်သွားကြမလား ဆရာ "" ကောင်းသားပဲ ဒါနဲ့ သူရော? "
" အခုချိန်ဆိုရင်တော့ စကြ်ံလျှောက်တဲ့နေရာမှာပဲ ရှိမှာ။ တရားဖြုတ်ရင်တော့ နာရီဝက်လောက်ဆိုရင်တော့ ပြီးပါပြီ "
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...