Part 34

240 15 20
                                    

Part 31

---------------

" beep beep beep beep ....."

" ရောက်ပြီလား ရှိန်း.. "

" ခုပဲ အခန်းရှေ့မှာ ! တံခါးလာဖွင့်ပေးဦး ကိုသစ် "

ရှိန်းကို အိမ်လာဖို့ ခေါ်ထားပြီး ဟင်းဝင်ချက်နေသဖြင့် အိမ်ရှေ့က bell သံကို မကြားမိ။ ဖုန်းခေါ်သံကြားမှ သတိရမိသည့်အဖြစ်။ အကြောင်းရင်းကတော့ ထွေထွေထူးထူး မဟုတ်ပါ။ ရှိန်းနဲ့ ရင်းနှီးသော ဒီဇိုင်နာထံတွင် မဂ်လာဆွမ်းကျွေးအတွက် ပြင်ဆင်ထားသော အကျီကိုယ်တိုင်းသွားပေးရန်သာ ဖြစ်သည်။ ထိုက အပြန်တွင်တော့ ကို့ကို ထမင်းချိုင့်ဝင်ပို့ကာ ဆိုင်ဖွင့်ပွဲအတွက် လိုအပ်သည်များကို ပြင်ဆင်ရမည်။ နှစ်ယောက်က အားတဲ့ အချိန် ထပ်တူမကျသဖြင့် ကိုကတော့ သူအားတဲ့အချိန် သွားပေးမည်ဟု ဆိုသည်။

ကိုက ခမ်းခမ်းနားနား လုပ်ပေးချင်သော်လည်း ကျွန်တော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်။ ချစ်ရသူနှင့် အတူရှိရခြင်းထက် မည်သည့်အရာမှ ခမ်းနားသည်ဟု ကိုယ်တိုင် မခံစားနိုင်တော့ပါ. နှစ်ယောက် သားသည် ကျောက်မျက်ရတနာတို့ကို မက်မောခြင်းမရှိသဖြင့် လက်ထပ် လက်စွပ်သည်ပင် ရွှေလက်စွပ် မောင်းကွင်း ရိုးရိုးရှင်းရှင်း နှစ်ကွင်းသာ ဖြစ်တော့သည်။

နှစ်ဖက်မိဘနှင့် ခင်မင်ရင်းနှီးသော အသိမိတ်ဆွေတို့ကိုသာ ဖိတ်ကြား၍ လက်မှတ်ထိုး ဆွမ်းကျွေး၍ အကျဥ်းရုံး လုပ်မည်။ နှစ်ယောက်လုံးသည် နယ်ဇာတိဖြစ်သဖြင့် ရန်ကုန်တွင် အသိမိတ်ဆွေ အရမ်းမပေါများသောကြောင့်လည်း ဖြစ်သည်။
ဘုန်းကြီးကျောင်းတွင် ဆွမ်းကျွေးကာ မိဘမဲ့ ကလေးကျောင်းကို လှူဒါန်းမည်။ ကျွန်တော်နှင့် ကိုနှင့် လစဥ် ကိုယ်ပိုင် လုပ်အားခထဲမှ ဆေးရုံသို့ ဆေးဝါးများနှင့် လိုအပ်သည့် ကိရိယာများကို လှူဒါန်းသွားမည်။ ကျွန်တော်တို့စိတ်ကူးယဥ်ထားသော ဘဝသည် ထိုမျှ ရိုးရှင်းလှသည်။ ခုတော့ ဟင်းချက်ကာ ဒီဇိုင်နာထံမှ အပြန် ထမင်းချိုင့်ဝင်ပို့ရမည်

" ဝှား မွှေးနေတာပဲဗျာ ဘာတွေချက်နေတာလဲ ကိုမင်းထင်စည် မရှိဘူးလား "
မီးဖိုချောင်ထိ လိုက်ဝင်လာကာ စူးစမ်းရေး လုပ်နေသော ရှိန်းရဲ့ မေးခွန်းတွေကို တိုတိုတုတ်တုတ်သာ အဖြေပြန်ပေးလိုက်သည်။

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now