Part 28

254 21 61
                                    

ည ဆယ်နာရီကျော်နေပေမယ့် သစ်ထွက်သွားတာ အတော်ကြာပြီ ဖြစ်နေကာ ခုထိ ပြန်မလာသေးပါ အသိမိတ်ဆွေ တစ်ယောက် ယောက်ကို လှမ်းမေးဖို့ကလည်း ဘယ်သူမှမရှိတော့ သစ်ပြန်လာချိန်ကိုသာ စောင့်နေလိုက်ရတော့သည်။ အခန်းအပြင်တွင်တော့ မနက်ဖြန် ပြောင်းဖို့ ရွှေ့ဖို့ အသုံးအဆောင်များကို အဆင်သင့်ထုတ်ထားပြီးသား ဖြစ်နေသည်။

ဆယ့်နှစ်နာရီ အထိ မပေါ်လာသေးသောကြောင့် စိုးရိမ်ရေမှတ်တို့ ကျော်လွန်ကာ အခန်းတွင်း ခေါက်တုံ့ ခေါက်ပြန်လျှောက်နေရင်း အကြံပေါင်းစုံတွေးမိတော့သည်။ နာရီဝက်နီးပါး အကြာတွင်တော့ တံခါးမှ password ဖွင့်သံ တတီတီကို ကြားနေရပြီး လူကတော့ တော်တော်နဲ့ ပေါ်မလာသေးပါ။ ထို့နောက်တွင်တော့ အမျိုးသမီး တစ်ယောက်မှ သစ်ကို လှမ်းတွဲထားသည်ကို မြင်ရသောကြောင့် တံခါးနားကို လေကဲ့သို့ အလျင်ဖြင့် သွားကာ ဝိုင်းတွဲရတော့သည်။
သေချာကြည့်မိမှ တစ်ခြားသူ မဟုတ်။ လော်ရယ်သစ် ဖြစ်နေတော့သည်။ ကျွန်တော်ထင်တာ မမှားဘူးဆို သစ်တစ်ခုခုသောက်ပြီး ပြန်လာတာပဲ ဖြစ်ရမည်။ သို့သော် ပြန်လိုက်ပို့ပေးတဲ့သူက လော်ရယ်ဖြစ်နေလို့ ကျေးဇူးတင်မိရပြန်သည်။

ထို့ကြောင့် ရှေ့မျက်နှာနောက်ထားကာ အိုးတိုးအမ်းတမ်းဖြင့် စကားဆက်ရတော့သည်။
" ဟို လော်ရယ်သစ် အဆင်ပြေရဲ့လား အဟမ်း "

" အယ် ဆရာက ကိုကို့အိမ်ကို ဘယ်လိုရောက်နေတာလဲ "

" နောက်မှ ရှင်းပြတာပေါ့ အိပ်ခန်းထဲ အရင်ပို့လိုက်ပါ "

" ရှင်.... "

" မင်း အစ်ကိုကို အိပ်ခန်းထဲ အရင်ပို့လိုက်လို့ "

"ဟုတ်ကဲ့ ဆရာ "
သစ်ရဲ့ ခန္ဓာကိုယ်သည် မူးနေသဖြင့် နဂိုအလေးချိန်ထက်ပင် လေးလံနေတော့သည် နှစ်ယောက်တွဲလာတာတောင် သုံးယောက်သား ဒယိမ်းဒယိုင်ဖြင့်သာ။ ထို့အပြင်တွဲထားရင်း ကျွန်တော်ရှိရာဘက်သို့ ယိုင်လာကာ အမူးသမားလေးသည် တဝေါ့ဝေါ့ဖြင့်အန်ချတော့သည်။
" ကိုကို ဆရာ့ကို အားနာစရာကြီး ။ ဆရာရယ် တောင်းပန်ပါတယ် ကိုကို အသိစိတ်လွတ်နေတော့ "

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now