Part 27

245 15 33
                                    

တိုင်ကပ် နာရီမှ တစ်ဆင့် စက္ကန့် လက်တံများစီမှ ထွက်ပေါ် လာသော အသံသည် ညအမှောင်ယံတွင် အရမ်းကျယ်လောင် နေသလို ခြောက်ခြားစွာ။ လေအေးပေးစက်ကို အအေးလျှော့၍ အိပ်မပျော်သည့် အဆုံးတွင်တော့ စာအုပ်တစ်အုပ်ယူကာ  ဖတ်ဖို့ ဟန်ပြင်ရင်း နာရီကိုကြည့်မိတော့ ညတစ်နာရီခွဲ တိတိကို ညွှန်ပြလို့ နေသည် သို့သော် ကျွန်တော် စောင့်နေရသူကတော့ အိမ် ပြန်ရောက်မလာသေးပါ။

အမြဲတမ်းပဲ ဒီလို အိမ်ပြန်နောက်ကျ နေတာလား ? အိမ်ပြန်မအိပ်ရင် ဘယ်တွေမှာ သွားအိပ်နေတာလဲ စဥ်းစားမိကာ သဝန်တိုစိတ်တို့ အုံကြွလာကာ ခေါင်းနပန်း ကြီးသွားရတော့သည်။ ရင်ထဲတွင်လည်း တစ်နေ့လုံး နေလို့ မကောင်းသောကြောင့် မနက်က အဖြစ်အပျက်တွေကို စိတ်က အလိုအလျောက် တွေးမိလျက်သား ဖြစ်နေသည်။ ထို့ပြင် နေ့လည်က ရှိန်းရဲ့ စကားကျွံမှုများကို တစ်ဖန်ပြန်လည် စဥ်းစားနေမိတော့သည်

" ကိုသစ် အဲ့ဒါ ဆရာမင်းထင်စည် မဟုတ်လား ကိုသစ်နဲ့ သိတာလား "
စပ်စပ်စုစုရှိသော ရှိန်းထံမှ အမေးစကားတို့သည် အစီအရီထွက်ကျလာတော့သည်

" အင်း အရင်က ခင်တာပါ " လေသံတိုပြတ်ပြတ်နှင့် ပြန်ဖြေရင်း ရှိန်းကို တစ်ခြား တစ်နေရာသို့ အာရုံလွှဲရန် ကြိုးစားရတော့သည်

" အချိုပွဲရော စားဦးမလား ငါ ကိတ်မုန့်ဖုတ်ထားတယ် "

" ဂွတ်တာပေါ့ဗျာ မုန့်အနံ့လေးက မွှေးနေတာပဲ ကျွန်တော်လည်း အပြင်စာတွေပဲ စားဖြစ်တာလေ ရှူတင်ရှိရင်ပိုဆိုး ကိုသစ်ကို အနား ခေါ်ထားမှ ဖြစ်တော့မယ် ဒီပုံအတိုင်းသာဆို "
ရှိန်းရဲ့ ဟိုမလွတ် ဒီမလွတ် စကားတွေသည် ထိုနေရာက စတင်ခဲ့တယ်ပဲ ဆိုရမလား စိတ်အာရုံကို ညစ်နွမ်းသွားအောင် နောက်ကျိစေတော့လေသည်

" ကိုသစ် နေမကောင်းဘူးလား မျက်နှာက မလန်းဘူးဖြစ်နေတယ် "

" ကောင်းပါတယ် နောက်တစ်ခါ ဘာမှဝယ်မလာပါနဲ့ကွာ အိမ်မှာ အပြည့်အစုံ ရှိတယ် "

" အားနာလို့ပါဗျာ သူများဟာ အလကားစားရတာ မျိုမကျပါဘူး  စားပြီနော် "

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now