Please! You shouldn't read this if you are under 18 ❤
မနေ့က ကိုနဲ့ ဖုန်းပြောရင်း ကို့အသံမကောင်းတာကို သစ် သတိထားမိတယ် ကို့ကို တွေ့ချင်စိတ်တွေက ထိန်းလို့မရ စိတ်ဆောင်နေတယ်ပဲဆိုရမလား သစ်ဝယ်ထားသော ကွန်ဒိုရှိ ဘုရားခန်းငယ်ထဲမှ သောက်တော်ရေ ကပ်ထားသော သောက်တော်ရေခွက်သည် လေမတိုက် ဘာပစ္စည်း
တစ်ခုနဲ့မှ မထိမိပဲ ကွဲကျတော့သည်ညနေအိမ်ပြန်ရန်သာ စိတ်စောနေသဖြင့် luggage ထဲသို့ အကျီထည့်နေရင်းမှ အကျီခေါက်နေသော ကျွန်တော့် လက်တို့ ရပ်တန့်သွားရတော့သည် ဘုရားစင်အောက်တွင်တော့ သောက်တော်ရေခွက်သည် အက်ကွဲနေပြီးနှင့် ဖြစ်သဖြင့် ရှင်းစရာရှိတာရှင်းပြီး နောက်တစ်ခေါက် ပြန်လာမှ သောက်တော်ရေခွက် တစ်စုံ အသစ်ဝယ်တော့မယ်ဟုသာ တွေးမိတော့သည် အကျီအမြန်ထည့်ကာ ပစ္စည်း စစ်စရာရှိတာ စစ်ရင်း ကျွန်တော့်ကားလေးသည် ကို့စီသို့သာ ဦးတည်လျက် ။
သစ် ကို့ကို အရမ်းတွေ့ချင်တယ်ကို ........မနေ့က အိပ်မက်မကောင်းလှသော်လည်း ယနေ့တွင်တော့ မနက်ပိုင်းဆေးခန်းထိုင်ပြီးအပြန် ရေမိုးချိုး
ဘုရားဝတ်ပြုကာ စိတ်ကြည်လင်စွာဖြင့် အိမ်မှာနေလျှင် အတွေးများမည့်အတူတူ ဂျူတီချိန်ထက် စောစွာပင် ဆေးရုံကို ကျွန်တော် သွားနှင့်တော့သည် သစ်တစ်ယောက် သူ့ကို အရင်ဒီချိန်ဆို ဖုန်းဆက်နေကြဖြစ်သော်လည်း ဒီနေ့တော့ မဆက်သေးပါ msg ပို့ထားတော့ အလုပ်ပြီးရင် ပြန်ခေါ်မယ်တဲ့လေ သစ်နဲ့ တွေ့ချင်စိတ်တွေက ထိန်းမရပါ ပြန်လာမှ အတိုးချကာ သစ်ကို ချစ်ရမည်ဟူ၍ ဆေးရုံသို့ ခြေလှမ်းများသည် တက်ကြွစွာဖြင့်......" ဖုန်းခေါ်တာလည်း မကိုင်ပါလားကွာ ငါတို့က မင်းကို စောင့်နေတာ မင်းရဲ့ အထူးဧည့်သည် ရောက်နေတယ် ဟိုမှာ ဆေးရုံအုပ်နဲ့ စကားပြောနေတာ " ဟု ကျွန်တော့်သူငယ်ချင်းမှ စကားဦးကြို ပြုတော့ လှမ်းကြည့်လိုက်ရာ ကျွန်တော် ထူးထွေပြီး မအံ့သြတော့ပါ ဆေးရုံအုပ်နဲ့ ရယ်မော စကားပြောပြီး ထွက်လာသူမှာ ကျွန်တော့်ကို ဆရာဝန်ဖြစ်သည်အထိ အထောက်အပံ့ပြုခဲ့ဖူးသော ဆရာကြီး ဖြစ်သည် တစ်နေ့နေ့တစ်ချိန်ချိန်တော့ ထိပ်တိုက် တွေ့ကောင်းပါရဲ့ဟု ဆိုနိုင်ရာဝယ် ဒီနေ့လို မြန်မြန်ကြီး ဖြစ်လာလိမ့်မယ်ဟု ကျွန်တော်မထင်ခဲ့ပါ သူတို့ပြန်လာမည့်အကြောင်း မနေ့ကမှ ဂဂနနသိရသော်လည်း ဒီနေ့ ဆေးရုံတွင် တွေ့ရလိမ့်မည်ဟု မထင်ခဲ့ရိုးအမှန်ပါ
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...