Part 8

244 22 0
                                    


မနက်စောစော နှာခေါင်းထဲ ဖြတ်ဝင်လာသော မွှေးရနံ့က မေမေ့၏ အိမ်ချက် အုန်းနို့ခေါက်ဆွဲ ရနံ့ ဖြစ်သည် ကျွန်တော်ကြိုက်တတ်သော ခေါက်ဆွဲလုံးသေးသေးများတွင် အုန်းနို့နှင့် နို့စိမ်းရောချက်ကာ ကြက်သားတုံးငယ်များ ကြက်သွန်ဥ နိုင်းချင်းနှင့် ပဲသွေးအတုံးငယ်လေးများ ပါဝင်သော ဟင်းရည်ဆိမ့်ဆိမ့်ကို စမ်းထားကာ အပေါ်ယံမှ မုန့်အကြွပ်ကြော် အိုးဘဲဥ အစိပ်လေးများ အစီအရီ ထည့်ထားသော ​မေမေ့လက်ရာကို မြင်ယောင်ရင်း လူကမထချင်သေးပေမယ့် မုန့်ရနံ့က ဆွဲဆောင်လွန်းသောကြောင့် အိပ်ယာမှ ကုန်းရုန်းထကာ မျက်နှာသစ်ရတော့သည်

အမှန်ဆို ကျွန်တော်သည် morning person ဖြစ်သည် မနက်ဘက်ကို အမြဲနောက်ကျတဲ့ထိ မအိပ်တတ်သည်မှာ ဆေးကျောင်းသား ဘဝထဲကပင် ဖြစ်သည် ညကတော့ အတွေးတွေ နယ်လွန်သဖြင့် ကောင်းကောင်းအိပ်မပျော်ခဲ့သောကြောင့် မနက် အိပ်ယာထ နောက်ကျခဲ့ရခြင်းဖြစ်သည် မှန်ထဲတွင် ပေါ်နေသော နှုတ်ခမ်းမွှေးရေးရေးကို ရိတ်ရန်ပြုလုပ်ရင်း မျက်လုံးထဲတွင် မြင်လာသော ပုံရိပ်ငယ်က ပါးစောင်မှ သွေးတွေလျှံထွက်လာသည်ကို လက်ခုံဖြင့် သုတ်ကာ ကျွန်တော့်ရှေ့မှ ထွက်ခွာသွားသော သစ် မျက်နှာပင် ဖြစ်သည် မနက်စောစော နေလို့မကောင်း၍ လေပူများကို မှုတ်ထုတ်လိုက်ရတော့သည်

အဖြစ်အပျက်တို့သည် တစ်လနီးပါး ကြာပြီဖြစ်သော်လည်း မနေ့တစ်နေ့ကလိုပင် ကျွန်တော့်အတွေးထဲ စိုးမိုးထားလေသည်  တစ်ခြားတစ်ယောက်ကို အနာတရ ရအောင်လုပ်ဖို့ အလွန်ခဲယဥ်းသော ကျွန်တော်က ကျွန်တော့်ကို ချစ်တယ် ဆိုလာသော ထိုကောင်လေးကို နာကျင်စေသည်တဲ့လား ? ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်မကောင်းပါ ဒီတစ်ခေါက်တွေ့ရင်တော့ သစ်ကို တောင်းပန်ရန်သာ စဥ်းစားတော့သည် ဒါနဲ့ သစ်နဲ့မတွေ့ဖြစ်တာ တစ်လတောင်ရှိပြီဖြစ်သည် ထို့ထက် ကျွန်တော်ဘာလို့ အတိအကျ မှတ်မိနေလဲ မစဥ်းစားချင်ပါ မသိစိတ်က သစ်ကို လိုအပ်နေသလားဟု ပိုလို့ပင် ကျွန်တော်မတွေးချင်ပါ

" Morning မေမေ အိပ်ယာထ နည်းနည်းနောက်ကျသွားတယ် ဟား ဟင်းရည်နံ့က မွှေးနေတော့တာပဲ " ဟု ဆိုကာ ဇွန်းဖြင့်ခပ်၍ မြည်းကြည့်သောအခါ ဟင်းရည်ဆိမ့်ဆိမ့်အရသာက ထူးကဲစွာ လည်ချောင်းထဲသို့ စီးဆင်းသွားလေသည်

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now