Part 33 🔞

457 20 26
                                    

Please ! You shouldn't read this if you are under 18 ❤

သစ် တစ်ယောက် အချိန်ကို ကြည့်မိတော့ ညကိုးနာရီ ထိုးနေပြီ။ မနက်က အလုပ်ကိစ္စတွေရော surprise လုပ်တဲ့ ကိစ္စတွေရော ပင်ပန်းထားတာကြောင့် လူက မောနေကာ အိမ်ပဲ ပြန်ချင်တော့သည်။

ဟိုဘဲကတော့ အပျော်ကြီးပျော်နေကာ သူ့သူငယ်ချင်း တစ်ယောက်ပြီးတစ်ယောက်နှင့် ကာရာအိုကေခန်းထဲတွင် မိုက်ခဲ လုပ်ကာ အပြိုင်ဟဲနေတော့ပြန်သည်။ သူပျော်နေတာတွေ တွေ့ရတော့လည်း အပျော်တွေကို မဖျက်ဆီးရက်ပဲ အိမ်ပြန်ဖို့ကို စကားမဟနိုင်ဖြစ်နေရတော့သည်။ ထိုစဥ် ကို့အရိပ်အကဲကို သူက သိနေဟန်ဖြင့်

" သစ် ပြန်ချင်နေပြီလား "

" ဟင့်အင်း မပြန်ချင်ပါဘူး "

" သစ်မျက်နှာကို ကိုကိုက စာအုပ်လို ဖတ်တတ်နေတာကို "

" ကဲဗျာ စကားမများနဲ့ သွားသွား ခဏနေပြီးရင် ပြန်မယ် အစ်မတွေလည်း ပြန်တာ နောက်ကျနေဦးမယ် "

" ok ဗျာ အစထဲက အဲ့လို ပြောရမှာကို။ အရက်က သောက်ချင်လို့ သောက်တာ မဟုတ်ပါဘူး ရဲဆေးတင်ထားတာ ဟဲဟဲ "

" ကျစ် လူကြားထဲမှာ ဘာတွေလာပြောနေတာလဲ မကြီးမငယ်နဲ့ "

" နမ်းချင်တယ်လို့ သစ်ကို အခုနမ်းချင်တယ် "

" တော်ပြီ ဟိုမှာ မင်းသူစီ ခဏသွားလိုက်ဦးမယ် "
ထိုသို့ ပြောကာ ထထွက်လာမှ ပေစောင်းစောင်းကြည့်ကာဖြင့် ကျန်ခဲ့သော ကိုကို့ မျက်နှာကို ရယ်ချင်နေမိသည်။ အရက် သောက်ထားသဖြင့် စကားသွက်နေကာ လုပ်ချင်ရာလုပ်မည့် ပုံစံမို့ ရှောင်ထွက်လာခဲ့တော့သည်။

" အဏ္ဏဝါ congratulation "

" ဘယ်နှစ်ခေါက် ရှိနေပြီလဲ "

" မင်းအစား ပျော်လို့ပေါ့ကွာ ကိုထင်က မင်းမသိအောင် ကြိတ်စီစဥ်နေတာ သူ့ခမျာ ပင်ပန်းရှာပါတယ် သိပ်မရစ်ပါနဲ့ "

" ချက်ချင်းတွေ ပြောင်းလဲသွားတာနော်
အရက်တိုက်လိုက်လို့လား "

" စကားအကောင်း ပြောလို့မရဘူး "

" နောက်တာပါကွာ ကျေးဇူးပါ မင်းရော ကိုနေယံရောကို "
ထို့နောက်တွင်တော့ ကိုနေယံတို့ အုပ်စုနဲ့  စကားလက်ဆုံကျကာ အချိန်တွေ ကုန်လို့ ကုန်မှန်းမသိအောင် ဖြစ်နေရတော့သည် အဓိက ပြောဖြစ်တာက ကိုမင်းထင်စည်ရဲ့ ငယ်ကျိုးငယ်နာများ ဖြစ်သည် ။

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now