Part 30

285 17 53
                                    

တိုက်ခန်းတွင် တစ်ညအိပ်ပြီး ပြန်အလာမှာတော့ အထုပ်အပိုးတွေ နိုင်သလောက်သယ်လာကာ နှစ်ယောက်သား ကွန်ဒိုသို့ ချီတက်ရပြန်တော့သည်။ ညနေတော့ ဆေးရုံပြန်သွားရမည် ဖြစ်သဖြင့် သစ်ကို အိမ်ဝင်ပို့မယ်။ ခဏနားပြီး ဆေးရုံသွားမယ် ဒီနေ့တော့ ဘာမှ ထွေထွေထူးထူး လုပ်စရာမရှိ ။ ချွင်းချက်အနေနဲ့ သစ်ကျွန်တော့်ကို စိတ်ကောက်နေပြန်ပါသည်။

" ဟိတ် မနက်စာ ဘာစားမှာလဲလို့ ကိုကို ဘယ်မောင်းရမလဲ "
ကျွန်တော့်ကို ကျောပေးထားကာ သစ်သည် တစ်ဖက်လှည့်၍ ကားအပြင်ဘက်ကို ကြည့်ရှူနေပြန်သည်။ ညက ကိစ္စကို အခဲမကြေကာ ကောက်နေတာပဲ ဖြစ်ရမည်။

" ဟိုအရင်တုံးကလေ သိလား ဒီလိုအချိန်ပေါ့။ ကောင်လေး တစ်ယောက်လေ မိုးရွာနေတုံးကွာ ကိုယ့်ကို ကားထဲမှာ ရည်းစားစကား ပြောတယ် "

" ဆက်ပြောရင် ကားပေါ်ကနေ ခုန်ချမှာနော် "

" မလုပ်လိုက်ပါနဲ့ဗျာ ဘာစားမှာလဲပြော အဲ့လိုကြီးမလုပ်ပါနဲ့ ကိုယ်မနေတတ်ဘူး သစ်ရာ ။ လက်ပေးထား "

သစ်လက်ဖဝါးလေးကို အုပ်ကိုင်ကာ ပါးတစ်ဖက်တွင် ကပ်ထားတော့ သစ်က အပိုတွေ ဟူသော မျက်နှာပေးဖြင့် ကြည့်လာတော့သည်။
မီးပွုင့်မိနေတုံး သစ်မသိခင် သူ့လက်ဖဝါးလေးကို ပါးမှာကပ်ပြီး selfie တစ်ပုံရိုက်ကာ " အချစ်နဲ့ 😙😘" ဟူသော caption ဖြင့် ချက်ခြင်း social acc တွင် တင်လိုက်သည်။

မှတ်ချက်များ အချိန်တို အတွင်းနေရာယူတော့ကာ လော်ရယ် ကတော့ ရှေ့ဆုံးက။ သစ်မသိအောင်  တစ်ယောက်ထဲ ကြိတ်ပြုံးနေကာ အိမ်ပြန်ရောက်မှ စိမ်ပြေနပြေ မှတ်ချက်တွေကို စာပြန်နေလိုက်သည်။

💬 လက်ပိုင်ရှင်ကို အလင်းပြပါဦး
MHS - မလင်းဘူး မှောင်တယ်

💬 ဆရာ ပျော်နေတယ်ပေါ့ ကောင်လေးနဲ့လား
MHS - အချစ်ဆုံးနဲ့ပါ

💬 congratulation ဆရာ
MHS - ကျေးဇူးပါ

💬 မနေ့က စကားတောင် မပြောနိုင်တာ သူလေးကြောင့်ပေါ့။
MHS - စိတ်ကောက်နေလို့ပါဗျာ

💬 ဆရာ သမီးတို့ အသဲကွဲပါပီ
MHS - ဆရာ့ကောင်လေး စိတ်ဆိုးနေဦးမယ် ရှူး...

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now