Part 31

237 16 31
                                    

မင်းသူ ဒီတစ်ခါ နယ်က ပြန်လာတာ တစ်ယောက်ထဲမို့လို့ စိတ်မချခြင်း များစွာကို ခေါင်းစဥ်တွေတပ်ပြီး ကားပေါ်မှာ နားပူမတတ် ဖုန်းပြောလာရင်း ကနေ ခုလည်း ချစ်ရသူက ဖုန်း ထပ်ဆက်နေပြန်ပါပြီ။
" ဘေဘီ အခု အဏ္ဏဝါအိမ် ရောက်ပြီလား။ "

" သွားနေတယ်လို့ ဘာဖြစ်လို့ အသဲအသန် ဆက်နေတာလဲ "

" စိတ်မချလို့ပေါ့ကွာ ကိုယ်နဲ့လာနေပါဆိုတာကို "

" ကို့အခန်းက ဆေးရုံနဲ့ အဝေးကြီးပဲ အသွားအပြန်မလုပ်နိုင်ဘူး "

" ကို လိုက်ပို့မှာပေါ့ ဘေဘီနဲ့ အတူတူနေချင်ပြီ "

" တော်တော့ ဒီမှာ အဏ္ဏဝါ အခန်းရှေ့ရောက်နေပြီ ခဏနေ ပြန်ဆက်လိုက်မယ် "

" ကို့ကို အမြဲ အနိုင်ယူတာနော် သူဖြစ်ချင်တာတွေပဲ အမြဲလုပ်ချင်ရာ လုပ်တာ "

" ဘာလာရစ်နေတာလဲဗျာ ဒီမှာ မောရတဲ့ကြားထဲ ဒါပဲ"
စိတ်ပေါက်ပေါက်နဲ့ သူဖုန်းဆက်တာကို အော်ပြီး ဖုန်းချလိုက်တယ်။ ရည်းစားသက်တမ်းကဖြင့် ငါးနှစ်နီးပါးရှိနေပြီ။ ခုမှ ဘာပိုးထပြီး တကယ်ထဲ ဘာတွေလာနုရွနေမှန်း မသိပါ။

မေမေနယ်က ထည့်ပေးလိုက်တဲ့ ငါးပိချက်တွေ ငါးခြောက်ကျော် တွေ ထည့်ထားတဲ့ ထမင်းချိုင့် အလေးကြီးက တစ်ဖက်။ အဝတ်အစားထုပ် က တစ်ဖက်ဖြင့် လမ်းတစ်လျှောက်လုံး ဆွဲလာရတာ တကယ် မောဟိုက်နေပြီဖြစ်သဖြင့် ရည်းစားကိုလဲ အော်ငေါက်ကာ ကွန်ဒိုက လူခေါ်ဘဲကိုသာ အားပြင်းပြင်းနှင့် ဖိတီးလိုက်မိတော့သည်။ တစ်ခါလဲ မရ။ နှစ်ခါလဲမရ ။ ငါးခါလဲ မရ။ ဆယ်ခါမရနဲ့ တော်တော်ပေါက်ကွဲလာတော့သည်။ 

" shitt ဖွင့်စမ်းပါဟ ဘာတွေလုပ်နေလို့ ခေါ်မကြား အော်မကြားဖြစ်နေရတာလဲ "

အဏ္ဏဝါကို ဖုန်းခေါ်တော့လည်း မကိုင်သဖြင့် ဒေါသတွေက ငယ်ထိပ်ထိ ရောက်နေကာ ခဏအကြာမှာတော့ ကပျာကယာနှင့် လာဖွင့်ရှာသည် ။ သူ့နောက်တွင်တော့ ဟိုယောင် ဒီယောင် လုပ်နေသော ကိုမင်းထင်စည်။

" သေမလို တီးနေတာလား ငါ့အိမ်က ဘဲတွေ ပျက်ကုန်တော့မယ် "
သူငယ်ချင်းခမျာ အကျီကလည်း ဖရိုဖရဲ။ မျက်နှာကလည်း အဆီ ပြောင်နဲ့ ဒီလောက်ဆို အခြေနေအရပ်ရပ်ကို ခန့်မှန်းလို့ ရနေပါပြီ။ ကိုထင်နဲ့ကလည်း ပြန်အဆင်ပြေနေရှာပြီ ဆိုတော့။

" ဖွင့်ဦး ငါ ဒီမှာ အလေးကြီး သယ်လာရတာ မောတယ် "

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now