Part 32

246 15 36
                                    

ဒီနေ့ ညနေ ကိုပြန်ရောက်မည် ဖြစ်သဖြင့် မနက်စောစောထကာ စားသောက်ဖွယ်ရာများနှင့် ဟင်းချက်ဖို့ မုန့်လုပ်ဖို့ အတွက် လိုအပ်သည်များကို အောက်ထပ်ရှိ စီးတီးမတ်တွင် ဝယ်ယူရမည်။ အတွေးထဲတွင် ဒီနေ့အတွက် လုပ်ငန်းဆောင်တာများသည် တစ်နေ့တာ အတွက် ရှင်းရှင်းလင်းလင်းပင် ဖြစ်သည်။ မနက်ခင်း အိပ်ယာမထသေးခင် နှစ်ယောက်အတူ အိပ်ခဲ့ဖူးသော အိပ်ယာပေါ်တွင် ဟိုလှိမ့် ဒီလှိမ့်ဖြင့် အချိန်ဆွဲနေလိုက်သည်။ ကို ပို့ထားသော message သည်လည်း လိုတိုရှင်းဖြစ်သည်

" သစ် ကိုကို ညနေ ပြန်ရောက်မယ် see u "
ဖုန်း missed call နှစ်ခါ တွေ့သော်လည်း ပြန်တော့ မခေါ်တော့ပါ။ 'ok ' ဟုသာ စာပြန်ပို့ထားလိုက်တော့သည်။

မနက်စာစားရင်း စဥ်းစားမိတာ ဒီနေ့အတွက် to do list တွင် ခဏ နေ အိမ်အတွက် လိုအပ်သည်များ သွားဝယ်ရန် နှင့် ဆိုင်ဖွင့်ဖို့အတွက် Decoration ပြင်နေသည်များကို သွားရောက်ကြည့်ရှုရမည်။ ရှိန်းနဲ့ တိုင်ပင်ကာ ကိတ်တွေ ကြော်ငြာရိုက်ဖို့ စဥ်းစားရမည်။ ညနေသုံးနာရီ ဆိုရင်တော့ ကျွန်တော့် အလုပ်တွေပြီးနိုင်လောက်ပြီ ထင်ပါသည် ။ အဲဲ့ဒီကနေမှ တစ်ခါထဲ ကို့ကို လေဆိပ်တွင် သွားကြိုမည်။

အခုတော့ ရေခဲသေတ္တာထဲတွင် အေးခဲထားသော အမဲသားများကို ထုတ်ထားခဲ့လိုက်ပြီ။ ကိုက beef steak သိပ်ကြိုက်သဖြင့် ကို ညနေပြန်အလာတွင် ဟင်းမချက်ချင်တော့လို့ နှစ်ယောက်သား အတွက် steak နဲ့ ဝိုင်ပဲ ပြင်ဆင်တော့မည်။ မင်းသူကတော့ မနေ့ကထဲက အိမ်ပြောင်းရွှေ့သွားပြီ ဖြစ်သောကြောင့် ထုံးစံအတိုင်း ကိုနဲ့ ကျွန်တော်သာ ဒီအိမ်မှာ ကျန်နေတော့ကာ နှစ်ယောက် တစ်ကမ္ဘာ ဖြစ် နေတော့သည်။

ဝတ်စား ပြင်ဆင်ပြီး အိမ်တံခါးသော့ပိတ်ကာ ကို့ကားကိုသာ ယူမောင်း၍ ဆိုင်သို့ထွက်ခွာခဲ့တော့သည်။ ကားမရှိတာ တကယ်ကို ခြေထောက်ပြုတ်သည်။ လတ်တလောတော့ ကို့ကားကိုသာ ဂုန်းဆင်းရတော့မည်။

-------------------------------------

" ကိုသစ် ကြာလိုက်တာဗျာ ကျွန်တော်အကြာကြီး စောင့်နေရတာ "

" ဘယ်လို ဖြစ်လို့အစောကြီး ရောက်နေတာလဲ ငါ့ကိုချိန်းထားတာ 12 မှဆို "

အစ်ကို့အကြောင်းရေးတဲ့စာ Where stories live. Discover now