သစ်နဲ့ ကျွန်တော့်ရဲ့ အချစ်ရေးသည် အရာအားလုံး ဖြောင့်ဖြူးစွာဖြင့် အခုထိဆို တွဲလက်တွေ မြဲခဲ့သည်မှာ ရှစ်လနီးပါးပင် ကြာမြင့်ခဲ့ချေပြီ သစ်သည် ထင်ထားတာထက် ကျွန်တော့်ကို နားလည်ပေးနိုင်သော ကောင်ငယ်လေးပင်
ထို့ကြောင့်လည်း တစ်နေ့တစ်ခြား အချစ်ပိုရတော့သည် ကျွန်တော့် ဒဏ်ရာဟောင်းများကို ပျောက်ကင်းစေသူ ကျွန်တော့်အတွက် ပျော်ရွှင်မှူတွေ ယူဆောင် ပေးနိုင်သူ သစ္စာ မေတ္တာ အရာရာ လစ်ဟင်းမှု မရှိအောင် ဖြည့်ဆည်းပေးနိုင်သူသာ ဖြစ်တော့သည်
နောက်လဆိုလျှင် ကျွန်တော် MRCP ဖြေရတော့မည် ဖြစ်သော ကြောင့် လတ်တလော သစ်ကို အချိန်မပေးနိုင်ပဲ ကိုယ်တိုင်က စာဘက်ကို အာရုံစိုက်ကာ လစ်ဟင်းမှုတွေ ရှိရတော့သည် သစ်ကလည်း အလုပ်ကိစ္စဟူ၍ ရန်ကုန်သွားသည်မှာ ကြာနေပြီ ဖြစ်သောကြောင့် သစ်နဲ့ မတွေ့ရတာ တစ်လနီးပါးပင် ရှိတော့မည် သို့သော် ဖုန်းအဆက်အသွယ်ကတော့ တစ်ရက်လေးတောင် မပြတ်ပါချေ
ဂျူတီမှ ထွက်ထွက်ချင်း ဖုန်းကို ကြည့်မိတော့ သစ်ရဲ့ missed call များကို တန်းစီ တွေ့လိုက်ရသည် သစ်ကို မေမေနဲ့ မိတ်ဆက်ပေးပြီး ကျွန်တော်တို့ ကိစ္စကို ဒီတစ်ခါ သစ်ပြန်လာလျှင် မေမေ့ကို အသိပေးရမည်ဟူ၍သာ တေးမှတ်ထားလိုက်တော့သည်
သစ်ကလည်း အန်တီပန်း ကို ဖွင့်ပြောပြီး အသိပေးမယ်တဲ့လေ ကျွန်တော်တို့ နှစ်ယောက်၏ အနာဂတ်အစီစဥ်များသည် ထိုမျှ သေချာလှပါသည် အလုပ်ချိန်မဟုတ်လျှင်တော့ စိတ်အာရုံ အလုံးစုံကို သစ် စီသို့သာ လွှတ်ပေးထားရတော့သည် အမှန်အတိုင်း ပြောရလျှင် သစ်ကို ကျွန်တော်လည်း တကယ် လွမ်းပါသည်
" ကို ဘာတွေလုပ် ဖုန်းလဲမကိုင်ဘူးဗျာ "
" ဂျုတီက ခုမှပြီးတာလေ သစ်ရဲ့ ဘယ်တော့ ပြန်လာမှာလဲ ကို သစ်ကို လွမ်းနေပြီ "
" အင်းး နောက်တစ်ပတ်လောက်တော့ ကြာဦးမယ် သစ်ဒီမှာ အရေးကြီးတဲ့ ကိစ္စလေး တစ်ခု လုပ်နေတာနဲ့ "
" ကိုယ့်ယောကျ်ားကို လျှိုထားတာပေါ့ ဟုတ်လား ကောင်လေး "
" အဘိုးကြီး တော်တော်ဖြစ်နေတာပဲ ဟားဟား ကို သစ်ပြန်ရောက်ရင် တိမ်တွေ ကြည့်ချင်တယ် လိုက်ပို့ပေးဦး ရာသီဥတုလဲ ကောင်းတယ်ဆိုတော့လေ "
YOU ARE READING
အစ်ကို့အကြောင်းရေးတဲ့စာ
Romance(Boy love 20+) Strong love between a doctor and a rich young man ! The storyline was based on true story ! ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအချင်းအရာ များသည် စာရေးသူ၏ စိတ်ကူးပုံဖော်မှူနှင့်အတူ လက်ရှိတွင် ဖြစ်ပျက်ခဲ့သော story ကို အခြေခံထားသဖြင့် စာတစ်က...