Unicode
ကလေးတွေရဲ့ကဗျာရွတ်ဆိုသံ နဲ့ ဆူဆူညံ့ညံ့အသံများကကျောင်းဝန်းထဲပြန့်ကြဲလို့နေလေတယ်....
"ကဲ ဒီနေ့ကျောင်းသားသစ်ရောက်တယ် နှုတ်ဆက်လိုက်ကြပါဦး"
ဆရာမရဲ့စကားသံအဆုံးကလေးတွေအသံတိတ်သွားပြီး ငြိမ်ငြိမ်လေးထိုင်ကာ ကျောင်းသားသစ်ဆိုသူအားပြူးပြူးလေးစိတ်ဝင်တစားကြည့်လာကြသည်....
"Hi!My name's jeon jungguk!"
အသံပိစိလေးနဲ့ စတိုင်ထုတ်နေသောမူကြိုကျောင်းသားလေးကိုကြည့်ပြီး ဆရာမကသဘောတကျပြုံးသလို ထိုအခန်းထဲကမူကြိုကျောင်းသားကျောင်းသူများကလည်း အားကျတဲ့အကြည့်တွေနဲ့ကြည့်လို့နေတယ်....
Ok!ကျွန်တော့်နာမည်က Jeon Jungguk...ကျွန်တော့်မိဘတွေကအလွန်ချမ်းသာကြသလို အလိုလည်းလိုက်ကြတယ်...အသက် 5 နှစ်အထိ အင်္ဂလန်မှာနေပြီး အမေတို့ရဲ့ကိုးရီးယားမြေကိုချစ်မြတ်နိုးမှုကြောင့် ဦးလေး joon အိမ်မှာနေရင်း ကျောင်းလာတက်တာပါ..ကျွန်တော်ကအသက်ငယ်လို့ပိစိလေးဆိုပြီးအထင်မသေးပါနဲ့ ကျွန်တော့်မှာကြီးမားတဲ့ယုန်သွားနှစ်ချောင်းရှိပြီး မိန်းကလေးတိုင်းရဲ့အချစ်တော်ကြီးဖြစ်ပါတယ်.....
"ဟိုင်း ငါတို့အတူတူကစားကြမလား"
လူတွေအများကြီးထဲမှာမှ သူ့ကိုလေးထောင့်အပြုံးလေးနဲ့စကားလာပြောတဲ့ကောင်လေးကိုကြည့်ပြီး ဝါးးးသူကတော်တော်ချစ်ဖို့ကောင်းတာပဲ ဆိုပြီးသူတွေးမိတယ်..အင်းးး သူ့လောက်နီးနီးချစ်ဖို့ကောင်းတယ်ဆိုတော့ ကောင်းပြီ! ငါတို့သူငယ်ချင်းလုပ်ကြတာပေါ့...
"Deal"
အင်းးးအဲ့လိုနဲ့ပဲ ကျွန်တော်အတိအကျပေါင်းတဲ့သူငယ်ချင်းက kim taehyung ဆိုတဲ့ကောင်လေးသာဖြစ်လာပြီး အခုဆိုသူတို့နှစ်ယောက်ရဲ့ friend ship က 3 နှစ်တောင်ရှိပြီ....
"ကလေးတွေကျောင်းဆင်းရင် ကောင်းကောင်းဆော့ကြနော် ရန်မဖြစ်ကြနဲ့"
"ဟုတ်ကဲ့ပါ ဆရာမ!!!!!"
ဆရာမရဲ့စကားကို အားတက်သရောဖြေတော့ ဆရာမကကျေနပ်ပြုံးပြုံးတယ်...ကျောင်းခေါင်းလောင်းထိုးပြီမို့ taehyung နဲ့ jungguk လည်းမုန့်ဝယ်စားကြကာ အခန်းထဲပြန်ဝင်လာကြတော့တယ်...ထိုအချိန်ရုတ်တရပ်သူတို့ရှေ့ရောက်လာတဲ့ ဆံပင်နှစ်ဖက်ထုံးထားတဲ့ကောင်မလေးတစ်ယောက်...
YOU ARE READING
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...