Unicode
"အော်!Tae လေး jungguk ကိုလာခေါ်တာလား"
"ဟုတ်တယ် ဒီနေ့ကျွန်တော့်စက်ဘီးပေါက်နေလို့"
"မင်းသူငယ်ချင်းကအခုထိမထသေးဘူး မင်းဘဲသွားနှိုးလိုက်တော့"
"ဘာကိုမနှိုးသေးတာလဲ!"
ဦးလေးဖြစ်သူအား ရန်ပြန်တွေ့နေသော jungguk လှေကားပေါ်ကနေအင်္ကျီကိုအကျအနပြင်ရင်းဆင်းလာတာ...
"ဘာလဲ taehyung"
ဘုတောတောသူ့အဖြေကို taehyung ကပြုံးရင်း...
"ငါဘီးပေါက်နေလို့ဟီးးး"
"ပေါက်မှာပေါ့ လူတကာကိုငှားစီးနေတာကို!!"
"မင်းကလည်း~"
ကိုယ့်အပြစ်ကိုယ်သိတဲ့အတွက် ကပ်ချွဲနေသော taehyung အား jungguk တွန်းထုတ်လိုက်တယ်....
"ဖယ်စမ်း ဟိတ်ကောင်!ငါပုံပျက်တယ်"
"Uncle joon သူလေကျောင်းမှာပဲတွေအရမ်းထုတ်နေတယ်!!"
မကျေမချမ်းပြောနေသောသူတို့ရှေ့ Uncle joon ကပေါင်မုန့်ယိုသုတ်ချပေးတယ်...
"ငါလည်းထိန်းမနိုင်ပါဘူးကွာ ပြောမနာဆိုမနာလေး ဟိုကိုပြန်ဆိုလည်းမဟုတ်ဘူး"
"ကျွန်တော်က Uncle joon ကိုချစ်လို့ပါနော် ကျွန်တော်သွားချင်ရင် ဟိုကတားမှာမဟုတ်ဘူး"
"အေးပါ jungguk ရေ...အခုတော့သွားရအောင် ကျောင်းနောက်ကျတော့မယ်"
"ကလေးတွေ မုန့်ယူသွားကြ!!"
စားပွဲပေါ်ပေါင်မုန့်ယိုသုတ်ကိုယူရင်း စက်ဘီးထားတဲ့ဂိုထောင်ဘက်ထွက်လာခဲ့တယ်....
"အခုမှအထက်တန်းပထမဆုံးနေ့ကို ဘယ်လိုဖြစ်လို့ဘီးပေါက်သွားရတာလဲ"
"အမ်းးးငါ့အစ်မကြောင့်ပါ အဆောင်ကနေအိမ်ကိုအလည်လာတဲ့အနေနဲ့ဘီးဖောက်ခဲ့တာပဲ"
လက်ထဲကပေါင်မုန့်ယိုသုတ်ကိုတစ်ကိုက်ကိုက်ရင်း စက်ဘီးနောက်ဝင်ထိုင်လိုက်တယ်...
"ဟက်!ဆိုးဝါးလိုက်တာ မင်းသူ့ကိုဘာတွေပြောထားလို့မှန်းမှမသိတာ"
"ငါကသူအိပ်နေတုန်း ခြေသည်းနီလှလှလေးပဲဆိုးပေးခဲ့တာပါကွ"
ESTÁS LEYENDO
Be Friend And More...(Complete )
FanficUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...