Unicode
Bus ကားပေါ်တွင် jungguk ပခုံးအားမှီကာအိပ်ပျော်နေသော taehyung... လက်တစ်ဖက်ကတော့ Jimin ရဲ့နောက်လက်တစ်ဖက်ကိုဆုပ်ကိုင်ထားတယ်...အကြောင်းကသူ့ကိုထားခဲ့ကြရင်မသိမှာဆိုးလို့တဲ့လေ...ကားလေးက အရှိန်နဲ့သွားနေတာမို့ အကွေ့မှာ Taehyung ခေါင်းက Jimin ပခုံးပေါ်သို့ရောက်သွားလျှင် jungguk မှာအလျင်အမြန်ပင်ဆွဲယူကာ သူ့ပခုံးပေါ်ပြန်တင်လို့ထားသည်...
သူငယ်ချင်းအားတွန့်တိုနေသော jungguk ကြောင့် Jimin စိတ်မကြည်မလင်ဖြစ်လာရသည်..ဘာကိစ္စသူ့သူငယ်ချင်းကိုအဲ့လောက်တွန့်တိုနေရတာလဲ ငါကကိုက်စားမှာမို့လား(-_-)....
ဘာလဲ!ဆိုသည့် လူမိုက်စတိုင်နဲ့ကြည့်လာတဲ့မျက်ဝန်းတစ်စုံကြောင့် Jimin တစ်ဖက်သို့သာလှည့်လိုက်သည် ... စိတ်ထဲကသာကြွေးကြော်နိုင်ပြီး အပြင်မှာတော့ သူ jungguk ကိုကြောက်ရပါတယ်...
"ဘယ်လိုလုပ်မလဲ ငါ့မျက်နှာကဒဏ်ရာတွေနဲ့"
ကားမှတ်တိုင်မှာ ရေသန့်တစ်ဘူးနဲ့ မျက်နှာသစ်နေတဲ့ taehyung ...အကြောင်းမှာ လမ်းဘေးတွင်အိပ်နေသော ခွေးမြီးကိုမမြင်ဘဲ တက်နင်းလိုက်တဲ့ ရှက်ပြာ Kim Taehyung ကြောင့် သူတို့ ၃ ယောက်လုံးသုတ်ခြေတင်ပြေးရတော့သည်..ခွေးရဲ့ကြောက်စရာကောင်းစွာ အပြေးလိုက်လာပုံကြောင့် taehyung မှာချော်လဲပြီး မထနိုင်ဘဲ လေးဘက်ထောက်လေးပြေးတော့ သူတို့အတင်းဆွဲပြေးခဲ့ရသေးသည်...ခွေးကိုမျက်ခြေဖျက်အပြီးမှ taehyung သည်လည်း ချော်လဲထားသော ဒဏ်ရာများမှနာလာတော့သည်အထိ ပြေးတုန်းကနည်းနည်းလေးပင်မနာဘဲ သေအောင်ကုန်းပြေးခဲ့ရပါသည်...
"မင်းမျက်နှာပေါ်က ဒဏ်ရာတွေရထားတာကို ခွေးချီးတင်ထားရင်တောင် မင်းအမေသိမှာ"
"ကျစ်!ဘယ်လိုလုပ်ရပါ့"
"....."
"အာ!ငါဒီနေ့မင်းအိမ်မှာအိပ်မယ်!"
"မရဘူး!"
"ဘာလို့လဲ?လုပ်ပါ သူငယ်ချင်းရယ် ငါ့မျက်နှာက ဒဏ်ရာတွေ ငါ့အမေသာအကုန်သိရင် ပွစိပွစိလုပ်တာမခံချင်လို့ပါနော်!"
"မရဘူးဆို!"
"မင်းကလည်း မင်းသူငယ်ချင်းတစ်ယောက်လုံး သေတော့မှာကိုမင်းက ကူညီပေးလေကွာ အိပ်ဘေးချင်းကပ်ဖြစ်ပြီး ဒါလေးကိုကူညီဖို့ ဘာလို့တွန့်တို.."
YOU ARE READING
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...