Unicode
အဖြူရောင်ပိတ်ကားထက် show အမျိုးမျိုးပြောင်းနေတဲ့ ကောင်ချောလေးတစ်ယောက်...ဆံပင်တွေကိုတစ်ဝက်ကစုစည်းထားပြီးတစ်ဝက်ကိုချထားတယ် eyebrow piercing လုပ်ထားပြီး အနက်ရောင်ဂျာကင်နဲ့ Model လောကမှာအလွန်နာမည်ကြီးနေတဲ့ကောင်လေး...မီးရောင်တစ်ဖြတ်ဖြတ်ကြား နေသားကျနေတဲ့လူတစ်ယောက်လို ပုံစံအမျိုးမျိုးပြောင်းနေပုံက သူဘယ်လောက် ဒီလောကမှာကျင်လည်နေကြောင်းသိနိုင်တယ်....
"Jungguk ဒီနေ့လည်းအဆင်ပြေချောမွေ့တယ်"
အားရဟန် ကြော်ငြာသူဌေးကဆိုလာလျှင် jungguk smirk တစ်ခုလုပ်ပြလိုက်တယ် ... ဒါကသူ့စတိုင်ပဲ
"V မင်းလည်းဒီနေ့ကောင်းကောင်းလုပ်ခဲ့ပါတယ်"
ထိုစကားအဆုံး jungguk taehyung ကိုခိုးကြည့်လိုက်တယ်...taehyung ကမျက်နှာတည်ဖြင့်သာ ခေါင်းငြိမ့်ပြရင်း ဓါတ်ပုံရိုက်ရင်သုံးတဲ့ပစ္စည်းတွေကိုစသိမ်းနေတော့တယ်...
"Taehyung ပြန်ခါနီး ဆိုဂျူဆိုင်ဝင်ရအောင်"
"မင်းရူးနေလား!မင်းက Model တစ်ယောက်နော်!"
"အဲ့ဒါဆို ငါ့ condo မှာသောက်ကြတာပေါ့"
ဘီယာဘူးတွေဆိုဂျူဘူးတွေနဲ့ condo ကိုသူတို့ရောက်တယ်...ရောက်ရောက်ချင်းမှာပဲ jungguk က ဖိနပ်တွေဖြစ်သလိုချွတ်ပြီး sofa ပေါ်ပစ်လှဲချလိုက်တယ်...taehyung ကတော့ အခန်းပတ်ပတ်လည်ကိုကြည့်ရင်းနှာခေါင်းကိုရှုံ့လိုက်တယ်...
"မင်းအခန်းသန့်ရှင်းရေး မလုပ်ဘူးလား"
"ဘာဖြစ်လဲ မင်းရှိနေတာပဲ"
"ငါကအမြဲမင်းကိုလိုက်လုပ်မပေးနိုင်ဘူးလေ"
"မရပါဘူး မင်းကငါရဲ့အိမ်ရှင်ထီးလေးပဲ"
ထိုစကားကိုကြားတော့ taehyung ခပ်ဟဟ ရယ်လိုက်တယ်....
"မင်းကိုတော့မနိုင်ဘူး"
Taehyung ကပြောလည်းပြောရင်း ဝယ်လာတဲ့အသားတွေကိုထုတ်တယ်... jungguk ထလာရင်း taehyung လုပ်နေတဲ့အသားထုတ်တွေကိုလက်လွှဲယူလိုက်တယ်...
Taehyung လည်းအလိုက်တသိဘေးဖယ်ရင်း jungguk အတွက်ရေဘူးယူပေးပြီး သူကိုယ်တိုင်တိုက်လိုက်တယ်...ဘာလို့ဆို jungguk ကအသားကိုလက်အိတ်နဲ့ကိုင်ကာ သေချာဆေး ကြောနေတာကြောင့်ပင်....
YOU ARE READING
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...