Unicode
"Tae..Taehyung!!ငါနင့်ကိုသဘောကျတယ် စာလေးလက်ခံနိုင်မလား!!"
မျက်စိစုံမှိတ်ကာ အော်ပြောလိုက်တဲ့ ဆံပင်ဂုတ်တိုလေးနဲ့ချစ်စရာကောင်မလေးကြောင့် Taehyung ရော jungguk ပါအူတူတူလေးကြည့်နေမိတယ်...jungguk နဲ့အတူရှိတိုင်း သူဘယ်တုန်းကများ အခုလိုဖွင့်ပြောခံရဖူးလို့လဲ jungguk ကိုသာသူ့ရှေ့မှာတင် ရည်စားစကားပြောတဲ့ကောင်မလေးတွေကတောင်လိုပုံနေတာမလား...
"ဟို..စာလေးတော့လက်ခံပေးပါ"
ပြောချင်ရာပြောပြီး လက်ထဲအပန်းရောင်စာအိတ်လေးကိုထည့်ကာ အရှက်သည်းစွာ ထွက်ပြေးသွားတဲ့ကောင်မလေးကိုကြည့်ရင်း taehyung နဲ့ jungguk တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတယ်...ရှေ့မှာလည်း taehyung ဆက်တိုက်ငြင်းဖူးတာမို့ jungguk ထွေထွေထူးထူးတွေးတောမနေမိ... taehyung ကတကယ်ချစ်တဲ့သူကိုပဲတွဲမှာဖြစ်ပြီး ကစားရတာကိုမကြိုက်ဘူးဆိုတာ ဒီလိုလာပြောတဲ့မိန်းကလေးတွေကိုငြင်းတုန်းကသိခဲ့ရတယ်....
စာအိတ်အပန်းရောင်လေးကိုတွေတွေလေးကြည့်နေတဲ့ taehyung ကြောင့် jungguk စိတ်ထင့်သွားတယ်....
"အိမ်မပြန်ဘဲဘာလို့ရပ်လုပ်နေတာလဲ"
သူ့အမေးကြောင့် taehyung ကစာအိတ်ပန်းရောင်လေးဆီမှသူ့ဆီကိုအကြည့်ပို့လာသည်....
"ငါတွဲကြည့်ရင်ကောင်းမလားလို့"
"ဘာ!!"
jungguk လက်ကိုဦးခေါင်းနောက်သို့ပို့ကာလမ်းလျှောက်နေတုန်းပြောချလာတဲ့စကားကြောင့် အံ့သြသွားရသည်...အခု Kim taehyung ကဘာပြောလိုက်တာ!!!အလယ်တန်းအရွယ်သာရှိသေး၍ စာကြိုးစားရမည်ဟုအမြဲပြောကာ ငြင်းထုတ်နေတဲ့ kim taehyung ကအခုဘာစိတ်ကူးပေါက်သွားရတာလဲ!!!ခုဏကကောင်မလေးကချစ်စရာကောင်းပေမဲ့ အရင်ကောင်မလေးတွေဆို ထိုကောင်မလေးထက်ပင်ချစ်ဖို့ကောင်းခဲ့သည်မဟုတ်လား....
"မှန်မှန်ပြော မင်းဘာစိတ်ကူးပေါက်နေတာလဲ"
"အမ်!ဟို..ဒီလိုပါပဲ ငါစမ်းကြည့်ချင်လို့"
"!!!!!"
"ခွေးကောင်!!ငါပြောတာတွဲကြည့်မယ်လို့ပြောတာကွ နှာဘူးအတွေးမတွေးနဲ့!!!"
YOU ARE READING
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...