Be Friends And More : 7

825 87 1
                                    

Unicode

"ဟိုကောင်နာမည်က jeon jungguk တဲ့ သူအခုတလောမင်းကိုမကြည်သလိုတော့ဖြစ်နေလိမ့်မယ် "

"အာ~"

"စိတ်မပူပါနဲ့ သူကယောက်ျားလေး တစ်ယောက်ပါ ကြာကြာဒေါသမထွက်တက်ဘူး မကြာခင် သူမင်းကိုလက်ခံသွားလိမ့်မယ်"

အပြုံးကြီးပြုံးကာပြောနေသော Taehyung စကားများကြောင့်ရော ခုဏကအဖြစ်အပျက်ကြောင့်ပါသူ နည်းနည်းလန့်သွားရတယ်...သူက taehyung နဲ့ပဲခင်ချင်တာ Jungguk ဆိုတဲ့ ကျောင်းလူဆိုးလိုလိုဘာလိုလိုကောင်နဲ့မခင်ချင်ဘူး...

"သူငယ်ချင်းအသစ်တိုးတဲ့အနေနဲ့ငါတို့ကျောင်းပြေးကြတာပေါ့!"

တက်ကြွစွာပြော‌လာသော Taehyung ကြောင့် Jimin ခေါင်းကြီးသွားရသည်...သူကအခုမှကျောင်းစတက်တာလေ...

"Taehyung ဖြစ်ပါ့မလား ဒီနေ့ကအထက်တန်းပထမနေ့လေ"

"ပထမနေ့ကမှ အတန်းပြေးလို့ကောင်းတာ စိတ်မပူနဲ့ ပထမနေ့မှာ ဘယ်ဆရာဆရာမကမှစာမသင်ဘူး"

"ငါတို့နှစ်ယောက်တည်းလား"

"No! jungguk ကိုပါခေါ်မှာ"

လှည့်ထွက်သွားပြီဖြစ်တဲ့ jungguk ကျောပြင်ကိုကြည့်ရင်းဟန်ပါပါပြုံးလိုက်တယ်....

"မင်းကျောင်းအနောက်ဘက်မှာ ငါတို့ကိုစောင့်နေလိုက်"

ထပြီးတစ်နေရာသို့အလျင်အမြန်ထွက်သွားသော taehyung ကြောင့် Jimin ကြောင်တောင်တောင်လေးကြည့်ရင်းကျန်ခဲ့တယ်....

"Jungguk!"

သူ့အနောက်ကနေအပြေးလိုက်ကာ သူ့ရှေ့ရပ်လိုက်သော taehyung ကြောင့် jungguk လည်းဟန်ပါပါရပ်လိုက်တယ်...သူအခုစိတ်ဆိုးနေတယ်လေ အဲ့တာကို Taehyung လည်းရိပ်မိတယ်ဆိုတာသူသိတယ်...

"Jungguk!ငါတို့ ကျောင်းပြေးရအောင်လား!"

"ကိုယ့်ဘာသာသွား ဘာလို့ငါ့ကိုလာခေါ်နေတာလဲ"

"မင်းကလည်း~ငါ့မှာတိုင်ပင်ဖော်တိုင်ပင်ဖက်ကမင်းတစ်ယောက်ပဲရှိတာကိုကွာ"

ရုပ်တည်တည်ကြီးနဲ့ဘူးခံငြင်းနေသော သူငယ်ချင်းကြောင့် သူနောက်တစ်နည်းထုတ်သုံးရတော့သည်....

Be Friend And More...(Complete )Donde viven las historias. Descúbrelo ahora