Be Friends And More : 19

699 71 3
                                    

Unicode

Taehyung အိမ်ရောက်တော့ ရေမိုးချိုးပြီးသည်နဲ့ jungguk ဟင်းချက်ပေးသည်ကို စားပွဲပေါ်ထိုင်ကြည့်နေလိုက်သည်...

အသီးအရွက်တွေကိုသေချာဆေးပြီးလုပ်ပေးနေတဲ့ jungguk ကတကယ့်ကို အားကိုးချင်စဖွယ်ဖြစ်လို့နေသည်...အိမ်နေရင်း လက်တိုနဲ့မို့ တောင့်တင်းသန်မာတဲ့ကြွက်သားတွေနဲ့ လက်တစ်လျှောက်တက်တူးအထင်းသားကြောင့်ရော jungguk ကဘယ်ဘက်ကကြည့်ကြည့်ကို ခန့်ညားလွန်းနေသည်....

F**k!ငါဘာတွေတွေးနေတာလဲ!!!အဲ့ကောင်က ဘယ်မှာကြည့်ကောင်းလို့လဲ!!!

Taehyung စိတ်ထဲတွေးရင်း မျက်နှာနဲ့နားရွက်များက နီရဲလို့လာတယ်...သူအတွေးများနေစဉ် သူ့နဖူးပေါ်လာရောက်ထိကပ်တဲ့ အေးစက်တဲ့အရာတစ်ခု သူမော့ကြည့်မိတော့ တွေ့လိုက်ရသည်က...

"မင်းမျက်နှာတွေနီနေတယ် နေမကောင်းဘူးလား အပူနည်းနည်းရှိသလိုပဲ"

ဂရုတစိုက်မေးနေတဲ့ jungguk ပုံစံက အလွန်ကြည့်ကောင်းလွန်း၍ taehyung မျက်နှာက အရောင်ပိုပိုရင့်လို့လာသည်...

F**k!သူ့ကိုယ်သင်းနံ့ကအစ Flash ဖြစ်ပြီးတော့ ယောက်ျားဆန်တဲ့အနံ့မျိုး!!!

Kim Taehyung ရေ မင်းရူးသွားပြီလား!!!!

သူ့နဖူးပေါ်က jungguk လက်ကိုဖယ်ထုတ်ပြီး သူအခန်းထဲခဏဝင်မိတယ်...သူအဲ့မှာဆက်ထိုင်နေရင် ရူးသွားတော့မယ်လို့ခံစားရတယ်...

တဖက်မှာတော့ jungguk က taehyung ရဲ့အပြုအမူကြောင့် ဖျားတော့မည်ဟုထင်ကာ ဆေးသေတ္တာရှာနေတော့သည်...

ဒေါက်..ဒေါက်!!.....

သူတံခါးကိုဖွင့်လိုက်သည်နဲ့ အတင်းတိုးဝင်လာတဲ့ ခန္ဓာကိုယ်တစ်ခုကြောင့် လဲကျမလိုဖြစ်သွားသည်ကို ထိန်းပေးလိုက်တဲ့လက်တစ်စုံ သူကြောင်အစွာကြည့်မိသည်...

ဒုတ်..ဒုတ်..

အခု သူ့ရင်တွေခုန်သွားတာလား...

လက်တစ်ဖက်က သူ့ခါးကိုတင်းနေအောင်ဖက်ထားပြီးတော့ နောက်တစ်ဖက်က သူ့နဖူးကိုစမ်းလို့နေသည်...

"အမ်း ခုဏက ကိုယ်ပူနေသလိုပဲ အခုက.."

"ငါ့ခါးပေါ်ကမင်းလက်ကိုဖယ်လိုက်!"

Be Friend And More...(Complete )Where stories live. Discover now