Be Friends and More: Final (2)

1.4K 87 11
                                    

Unicode

"မင်းအပေါ်လုပ်ခဲ့တဲ့ ငါ့ရဲ့အမှားတွေအတွက် တောင်းပန်ချင်လို့ပါ"

"မတောင်းပန်နဲ့ တောင်းပန်ရင်တောင် ကျွန်တော်ခွင့်မလွှတ်နိုင်ဘူး နောက်တစ်ခေါက်ထပ်မတွေ့ကြရအောင်"

သူလှည့်ထွက်ဖို့အလုပ် သူ့လက်အားဆွဲကာ သူ့ရှေ့ဒူးထောက်လာတဲ့ အေးစက်တဲ့လူ...သူတအံ့တသြ သူ့ရှေ့ ဒူးထောက်နေသူအားကြည့်မိတယ်....

"ငါအခုလိုလုပ်တာ မင်းဆီက ခွင့်လွှတ်မှုလိုချင်လို့မဟုတ်ဘူး...ငါ့ရဲ့လုပ်ရပ်တွေအတွက် တောင်းပန်ချင်လို့ပါ"

Jimin တစ်ယောက်နားမလည်နိုင်အောင်ဖြစ်နေရတယ်....သူထိုလူသားအား နားလည်အောင်ကြိုးစားကြည့်ခဲ့ဖူးတယ်...ဒါပေမဲ့...ဒါပေမဲ့ သူတစ်ခါမှနားမလည်ခဲ့ဘူး...ကျောင်းတက်ခါနီးမှာ Min Yoongi ကသူ့ကို အတင်းစေ့စပ်ခဲ့တယ်...အကြောင်းရင်းကတော့ သူထွက်ပြေးမှာစိုးလို့ပါပဲ...အထက်တန်းရောက်တော့ သူအမှတ်ရနေတဲ့ကောင်လေးကိုပြန်တွေ့ခဲ့ရတယ် မှောင်မိုက်နေတဲ့ သူ့နှလုံးသားလေးက အလင်းသဲ့သဲ့လေးထွက်ပေါ်လာတယ်...သိပ်မကြာပါဘူး Min Yoongi သိသွားခဲ့ပြီး သူ့ကိုအိမ်ထဲကအိမ်ပြင်မထွက်စေရဘဲ ပိတ်လှောင်ခဲ့တယ်...အထက်တန်းစာမေးပွဲဖြေပြီးတော့ လက်ထပ်ဖို့ကိုအတင်းတိုက်တွန်းခဲ့ပြန်တယ်...သူ့ကိုမလွန်ဆန်နိုင်တဲ့ကျွန်တော်က သူစေခိုင်းရာအတိုင်းနေထိုင်ခဲ့ရတယ်...လက်ထပ်ပြီးတဲ့အချိန်မှာတော့ သူ Min Yoongi အားနားလည်ဖို့ကြိုးစားခဲ့တယ်...ဒါပေမဲ့ သူပြန်ရတာက....

"မင်းကိစ္စမဟုတ်ဘဲ ဝင်မပါချင်နဲ့ ငြိမ်ငြိမ်လေး ငါနေခိုင်းတဲ့အတိုင်းနေ"

အဲ့ဒီနောက်ပိုင်း သူပါးစပ်များကပင် ကော်လိုကပ်ထားမိတော့သည်အထိ...အမေဆုံးသွားအချိန် သူစိတ်ကြောင့် အိပ်ရာထဲလဲကျသွားရသည်အထိ အားလျော့သွားခဲ့တယ်...သူ့ဝါသနာဖြစ်တဲ့ အိမ်ပုံစံဒီဇိုင်းရေးဆွဲသည့်ပုံများကလည်း တစ်စဆီစုတ်ဖြဲခံခဲ့ရသည်...

"ဟင်?ကျွန်တော့်စာအုပ်ကော?!"

"သ..သခင်လေး သခင်ကြီးက Mr.Jame.."

Jimin သူ့မျက်စောင်းထိုးအခန်းဖြစ်တဲ့စာကြည့်တိုက်အခန်းထဲ တဟုန်ထိုးပြေးဝင်မိတယ်...သူဘယ်‌လိုတောင်ကြိုးစားဆွဲခဲ့ရတာမို့လို့လဲ ဒီတစ်ခေါက်ဒီဇိုင်းသာ အနိုင်ရသွားရင် သူဒီဇိုင်းတွေက ပေါက်ပြီး သူဒီဝဠ်ကပင်ကျွတ်နိုင်သည်မဟုတ်လား...

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Jun 02, 2022 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

Be Friend And More...(Complete )Tahanan ng mga kuwento. Tumuklas ngayon