Be Friends And More : 23

593 63 7
                                    

Unicode

       Taehyung Jimin အားအခန်းထဲခေါ်ကာ ဆိုဖာတစ်ခုထက်ထိုင်စေသည်...အကြောင်းအရင်းမရှိဘဲ ပျောက်ကွယ်သွားခဲ့ပြီး အခုလည်းအကြောင်းအရင်းမရှိပြန်ပေါ်လာပြန်တယ်...

       ကော်ဖီပူပူလေးတစ်ခွက်အား သူ့ရှေ့ချပေးလိုက်ပြီး သူကိုယ်တိုင်ကတော့ နွားနို့ပူပူလေးတစ်ခွက်ကိုသာသောက်မိသည်....

"မင်းနွားနို့မကြိုက်ဘူးမဟုတ်လား~"

       ခပ်တိုးတိုးဆိုလာတဲ့ သူ့စကားကြောင့် taehyung ဟက်ခနဲရယ်မိသည်....

"လူဆိုတာပြောင်းလဲတက်တယ်လေ Jimin shii"

       လွမ်းဆွတ်နေတဲ့မျက်ဝန်းတွေက နာကျင်ကြေကွဲနေဟန် သူ့အားကြည့်လာသည်....မသိရင် သူကပဲ လူဆိုးကြီးလိုလို...

"မင်း ဘယ်လိုဖြစ်လို့ပြန်ရောက်လာရတာလဲ"

"ငါမင်းဆီပြန်လာတာ အ့.."

      စကားအဆုံး ဆိုဖာပေါ်လဲကျသွားတဲ့ Jimin ကြောင့် taehyung အလန့်တကြားထကြည့်မိလျှင့် ဝမ်းဗိုက်တစ်နေရာကိုကိုင်ထားတဲ့ Jimin ကြောင့် လက်ကိုဖယ်ကြည့်မိတော့ သူထိတ်လန့်သွားရသည်....

"သ..သွေးတွေ!!!"

      ဖြူဖက်ဖြူရော်ဖြစ်လာနေတဲ့‌နှုတ်ခမ်းများကြောင့် စိုးထိတ်မိကာ အသိဆရာဝန်တစ်ယောက်ကို တိုးတိုးတိတ်တိတ်ခေါ်မိတယ်...နာမည်ကြီးတွေဖြစ်သည့်အလျှောက် ကိုယ်ပိုင်ဆရာဝန်လေးတွေသူတို့နှစ်ယောက်လုံးမှာရှိတာမို့ ပိုအဆင်ပြေတယ်ပြောရမယ်....

"ကျည်ဆန်က အရမ်းမနက်ဘူး ပတ်တီးသေချာမစည်းထားလို့ဖြစ်တာ မကြာခင်သက်သာသွားလိမ့်မယ် ငါဆေးတွေလည်းသေချာထည့်ပေးခဲ့တယ် သူနိုးလာရင် အကိုက်ခဲပျောက်ဆေးတိုက်ပေးဖို့မမေ့နဲ့ဦး"

"ကျေးဇူး hyung ကျွန်တော်လိုက်ပို့ပေးမယ်"

       အသိဆရာဝန်အား ပြန်ပို့ပေးအပြီး Jimin ဘေးသူငုတ်တုတ်ထိုင်မိတယ်...

ဘာတွေဖြစ်လာခဲ့တာလဲ Jiminie ရယ်~

      Jimin နိုးလာရင်သောက်ဖို့ ဆန်ပြုတ်ပြုတ်ရန်သူ ပြင်ဆင်လိုက်တယ်...နာရီဝက်အကြာမှာတော့ ဆန်ပြုတ်လေးက အနံ့ကောင်းကောင်းထွက်လာပါပြီး...မွှေနေရင်း jungguk ရဲ့သူ့ကိုပဲချက်ပြုတ်ပေးရမယ်ဆိုတဲ့ စကားလေး ကြားယောင်မိတော့ သူဒီလို Jimin အတွက်လုပ်ပေးနေတာသာသိရင် မိုးမီးလောင်မှာမြင်ယောင်နေမိတယ်....

Be Friend And More...(Complete )Where stories live. Discover now