Unicode
အခုဆိုရင် taehyung မနက်နိုးလာသည်နဲ့ jungguk ဟာဘေးမှာအမြဲရှိနေခဲ့သည်...တစ်ခါတစ်လေ jungguk studio မှာညဉ့်နက်တဲ့အထိအလုပ်လုပ်ရသော်ငှား မနက်ဆိုလျှင် သူ့ဘေးရောက်နှင့် နေလေပြီဖြစ်တယ်.. ပြည်နယ်ရပ်ခြားသို့ သွားကာ ဓာတ်ပုံရိုက်ရလျှင်လည်း ဖုန်းနဲ့ မကြာခဏ ဆက်ကာ အလွမ်းသယ်တက်သေးသည်...မထင်ရင်မထင်သလို နမ်းရှိုက်တက်သောသူ့အကျင့်ကြောင့် ကြာလာတော့ သူ့ရဲ့အထိအတွေ့တွေက ရင်းနှီးကျွမ်းဝင်လာသည်...
ယခုမနက်တွင်လည်း သူ့အားဖက်ကာ နှစ်နှစ်ခြိုက်ခိုက်အိပ်နေသော ကောင်လေးမျက်နှာအားသူတို့ထိလျှင် မျက်ခုံးတန်းလေးနှစ်ခုက စုကျုံ့လာသည်...အောက်နှုတ်ခမ်းနားလေးက မှဲ့ကိုမြင်တော့ သူ့ရင်ထဲကလိကလိဖြစ်လို့လာတော့သည်...သူထိုမှဲ့လေးအား စက္ကန့်ပိုင်းလောက်ကြည့်နေပြီးမှ jungguk အားခိုးကြည့်မိသည်...ထို့နောက် ထိုမှဲ့လေးအားတိတ်တိတ်လေးခိုးနမ်းလိုက်သည်...အနမ်းခံရတဲ့ကောင်လေးကတော့ အလုပ်ပင်ပန်းလွန်းနေသည်မို့ နှစ်ခြိုက်စွာအိပ်မော်ကျနေတုန်းပင်....
ရှဲရှဲ!!!
ဆီပူပူထဲထည့်ကြော်လိုက်လျှင်ဖြင့် ရှဲခနဲမြည်ကာ အရွက်များက အပူကြောင့်ပျော့ပျောင်းလို့လာသည်...
သူ့ခါးပေါ်ကျရောက်လာတဲ့တစ်စုံကြောင့်သူပြုံးလိုက်သည်...အခုမှအိပ်ရာက ထလာတဲ့ကောင်လေးက အပျင်းတစ်ကာ အိပ်ချင်မူးတူးရုပ်လေးနဲ့ သူ့လည်ပင်းပေါ်ခေါင်းအပ်လို့လာသည်....
"Tae ရာ အိမ်မှုကိစ္စတွေမလုပ်ပါနဲ့ဆို ဆီပူလောင်နေဦးမယ်"
"မင်းလည်းအပျင်းတစ်မနေနဲ့ အိပ်ရာက ထလို့ ရေမချိုးရင်တောင် မျက်နှာလေးဘာလေးသစ်စမ်းပါ"
"ဟင့်အင်း ကိုယ်ကအိပ်ရာက ထတာနဲ့မင်းကိုပဲမြင်ချင်တာ"
"ဒီနေ့ငါတို့ Date ကြမလား?"
Taehyung အမေးကြောင့် jungguk ကခေါင်းလေးထောင်ရင်းကြည့်လာတယ်...ထို့
နောက်သဘောတကျပြုံးကာ အခေါက်ခေါက်အခါခါခေါင်းငြိမ့်ပြလို့လာသည်...."ခေါင်းကြီးလည်းပြုတ်သွားဦးမယ်"
သူ့စကားကြားတော့ jungguk နှုတ်ခမ်းလေးက အလိုလိုဆူထွက်လို့လာသည်....
ESTÁS LEYENDO
Be Friend And More...(Complete )
FanficUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...