Be Friends And More : 18

766 71 3
                                    

Unicode

Bridal styleပွေ့ချီလာတဲ့ jungguk လက်ထဲ သူထိုအတိုင်းလေးသာပါလာမိတယ်...အခုသူဘယ်လိုမှမနေဘူးဆို လိမ်ရာကျမှာပေါ့ အခုသူ့ရင်တွေခုန်နေတာက နားတွေအူတဲ့အထိပဲ...ဘာကြောင့်ဒီလောက်စိတ်လှုပ်ရှားနေမိမှန်းမသိသလို သူ့ရင်ဘက်ထဲက အကောင်က တဒုန်းဒုန်းခုန်နေတာကိုပဲကြားနေမိတယ်...သူတစ်ခုခုလုပ်တော့မှာလား???တကယ်ကြီးလား??ငါကသူ့သူငယ်ချင်းလေ??အခုငါကငယ်သူငယ်ချင်းနဲ့....

"အိပ်တော့"

"ဟမ်?"

သူကြောင်တောင်တောင်လေး jungguk ကိုကြည့်မိတော့ သူ့ကိုယ်ပေါ်ဆောင်သေချာခြုံပေးပြီး နဖူးကိုနမ်းကာ ထွက်သွားခဲ့တယ်...

ဘာမှလုပ်တော့ဘူးပေါ့???

အိပ်ဖို့ပြင်ဆင်လိုက်ပေမဲ့ သူ့မအိပ်နိုင်ခဲ့ဘူး သူမျက်ဝန်းတွေမှိတ်လိုက်တိုင်း ထိုအကြောင်းကိုသာတွေးမိနေသည်မို့ နောက်ဆုံး သူ အိပ်ရာပေါ်ကထ ထိုင်လိုက်မိတယ်....

"ကျစ်!တကယ်ဒုက္ခပေးတဲ့ကောင်!"

သူဆောင်ကိုခေါင်းထိခြုံပြီး အိပ်စက်ဖို့အတင်းကြိုးစားလိုက်တယ်....သူဒီည အိပ်ပျော်တော့မည်မဟုတ်ပေ...

တိတိ!တိတိ!တိတိ!

"အာ...ငါတစ်ညလုံးတောင်မအိပ်ခဲ့ရဘူးပဲ"

သူ့ရဲ့ပြူးကျယ်နေတဲ့ မျက်လုံးကိုသူပွတ်သပ်ရင်း အိပ်ရာပေါ်က နုံချိကာ ထလိုက်တယ်...မျက်နှာသစ်ဖို့ ရေချိုးခန်းထဲက ဘေစင်မှာသူ့ကိုယ်သူပြန်ကြည့်မိတော့ မျက်ကွင်းများချိုင့်ကာ မျက်လုံးကနီလို့နေသည်...

"ငါ့ရဲ့ချောမောတဲ့မျက်နှာလေးကတော့ သွားပါပြီ"

"ကျစ်!အဲ့ဒါ ဟိုကောင်ကြောင့်ပဲ"

သူ့ဦးနှောက်ထဲ jungguk ကိုတွေးမိတိုင်း တစ်ဆက်တည်းရှက်ရွံ့မှုကိုပါခံစားလိုက်ရတော့တယ်....

သူဧည့်ခန်းကိုထွက်ကြည့်မိတော့ jungguk ကအိပ်နေဆဲဖြစ်တာမို့ သူအိမ်ထဲက ရှောင်ထွက်လာခဲ့သည် သူ့ကိုဖွင့်ပြောတဲ့သူနဲ့နှစ်ယောက်တည်းအတူရှိနေတယ်ဆိုတဲ့ခံစားချက်ကိုသဘောမကျသည်မို့ သူခိုးထွက်လာချင်းသာဖြစ်သည်...ပြီးတော့ အဲ့ဒါက သူ့သူငယ်ချင်းကြီးလေ....

Be Friend And More...(Complete )Where stories live. Discover now