Unicode
တဖွဲဖွဲကျနေတဲ့နှင်းစက်တွေကိုကြည့်ရင်း သူ့မျက်ဝန်းတွေကလည်းအေးစက်နေတဲ့သူ့ရှေ့က လူသားဆီအကြည့်ပို့မိတယ်...
"ဒီလောက်ဆို ခင်ဗျား ကျွန်တော့်ကိုလွှတ်ပေးဖို့လုံလောက်ပြီမလား"
"....."
ထိုလူက သူ့အားဘာစကားမှမပြောဘဲ အေးစက်စက်မျက်ဝန်းတွေနဲ့သာစိုက်ကြည့်လို့နေသည်....
"မင်းငါ့ဆီကအဲ့လောက်တောင် ထွက်သွားချင်တာလား"
"အရင်က ကျွန်တော်တို့မိသားစုကိုကူညီပေးလို့ကျေးဇူးတင်ပေမဲ့ အခုအခြေအနေတိုင်းဆိုရင်တော့ ကျေးဇူးကျွေးလည်းကျေလောက်ပါပြီ"
"...."
"ကျန်တာကိုတရားရုံးမှာဆက်ပြောကြတာပေါ့ ကျွန်တော် ကွာရှင်းခွင့်လျှောက်လွှာတင်ထားပြီးပြီ"
တိုတိုတုတ်တုတ်ပြောပြီး ထထွက်သွားတော့မည့်ကောင်လေးရဲ့လက်တစ်ဖက်ကိုသူလှမ်းဆွဲမိတယ်....
"ငါ့ရဲ့လုပ်ရပ်တွေက တရားလွန်မှန်းသိပေမဲ့ အဆင်မပြေရင်တောင် ဒီအိမ်ထောင်ရေးလေးကိုတည်တံ့စေချင်ရုံပါ"
"ခင်ဗျားရော ကျွန်တော်ရော ဒီအိမ်ထောင်ရေးကို ဂရုမစိုက်ခဲ့ပါဘူး အဆင်မပြေမှုတွေနဲ့သည်းခံနေရမယ့်အစား တည်ဆောက်လို့မရတဲ့အိမ်လေးကိုဖြိုချလိုက်ချင်ရုံပါပဲ"
သူ့ဘက်ကိုတစ်စက်ကလေးတောင်လှည့်မကြည့်ဘဲ ထွက်သွားတဲ့ကောင်လေး...သူတို့စတွေ့တုန်းက ကောင်လေးကနွေးထွေးတဲ့အပြုံးတွေနဲ့ မျက်ဝန်းလေးတွေမှိတ်တဲ့အထိရယ်ပြခဲ့တာ...အခုတော့ ကောင်လေးမျက်နှာက အေးစက်နေပြီး အရင်လိုလည်းရယ်မနေခဲ့တော့တာ ဘယ်နှစ်နှစ်တောင်ရှိနေပြီလဲ... ကောင်လေးက သူ့နဲ့ကြာကြာတောင်အတူထိုင်ချင်ပုံမပြဘူး ပြောစရာရှိတာကိုပြောပြီး ချက်ချင်းထပြန်သွားတာ...ဒီကစားပွဲမှာ မင်းနိုင်ပါတယ် Park Jimin...တစ်ခါမှမရှုံးဖူးတဲ့ငါက မင်းကိုရှူံးရမှာဆိုးလို့ကိုယ့်ကိုယ်ကို ငြင်းဆန်မိရင်းက အမှန်တကယ် ကျရှုံးသွားခဲ့ရတယ်...
![](https://img.wattpad.com/cover/279713375-288-k865728.jpg)
YOU ARE READING
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...