Unicode
"ဟိတ်ကောင် မင်းဘာစားနေတာလဲ"
"ဟင်!?ဘာလဲ??"
တိတ်တိတ်လေးခိုးစားနေသောမုန့်အား အနောက်သို့ဖွက်လိုက်သော jeon jungguk ကြောင့် taehyung မသင်္ကာတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်တော့ တကောင့်သားကမျက်လုံးကိုရှောင်လွဲနေတာ...jeon jungguk ဆိုတာချမ်းသာသလောက်ကို ကပ်စီးကုပ်ပါတယ်...သူ့အတွက်အကျိူးမရှိရင် သူ့ပိုက်ဆံတွေကိုသုံးရမှာအလွန်တွန့်တိုသလို အကျိုးရှိလျှင်တော့ လွယ်ကူစွာထွက်လာတက်သည်...သူ့ရည်းစားတွေအပေါ် ပေါပေါပဲပဲသုံးပေမဲ့ Kim taehyung ဆိုတဲ့သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ကျွန်တော့်ကိုတော့ အပေးအယူနဲ့သာထုတ်သုံးတက်သည် ဘယ်လောက်ရိုက်သတ်ချင်စရာကောင်းသလဲ အခုတောင်သူမသိအောင်မုန့်ခိုးစားနေတာ...
"အာဟ!!မိပြီ!!"
အကျယ်ကြီးအော်လိုက်တော့တခြားလူတွေကသူတို့ကိုတစ်ချက်လှည့်ကြည့်လာပြီး ပြန်လှည့်သွားကြတယ် သူတို့အတွက်ကရိုးနေပြီကို....Taehyung သူ့လက်ထဲကမုန့်ကိုဆွဲလုတော့ jungguk ကလည်းအလျော့မပေးပြန်လုသည်...သူတို့ကနေရာတကာအလွန်တည့်ကြသော်လည်း မုန့်စားချိန်တွင်တော့အမြဲကိုက်နေတက်သည်....ဟိုဘက်ရောက်လိုက်ဒီဘက်ရောက်လိုက်နဲ့မုန့်လေးကရစရာပင်မရှိတော့ပေ...နောက်ဆုံးမုန့်လေးခဗျာဖွက်ဖွက်ကြေကာစား၍မရတော့သည်မို့ လွင့်ပစ်လိုက်ရတော့သည်...
Jungguk ကသူ့မုန့်ကိုလုစားတာကြောင့် taehyung ကိုမကျေနပ်သလို taehyung ကလည်း jungguk ဖွက်စားတာကြောင့်မကျေနပ်ပေ....ထမင်းစားကျောင်းဆင်းတော့ နှစ်ယောက်သားကအတူမသွားဘဲသတ်သတ်ဆီသာသွားသည်...လမ်းမှာတွေ့ရင်တွေ့သလို နှစ်ယောက်သားပြသာနာရှာကြသေးသည်...မသိတဲ့သူသာဆို သူတိူ့နှစ်ယောက်ကကောင်မလေးတစ်ယောက်ကြောင့်ရန်ဖြစ်နေကြသလိုထင်ကြလိမ့်မည် သိတဲ့သူများကတော့ မုန့်လေးတစ်ထုပ်ကြောင့်ဖြစ်နေကြမှန်းသိသည်...ပြီးလျှင်တော့သူတို့မဟုတ်သလို ဆက်ရယ်မောနေကြသည်ကိုမြင်ရဦးမည်ဟု တွေးရင်းအတန်းသားတွေက စိတ်အနည်းငယ်ညစ်သွားသည်...သူတို့နှစ်ယောက်ဟာတည့်လည်းပတ်ဝန်းကျင်ကို ဒုက္ခပေးသလို မတည့်လျှင်ရင်လည်း ပတ်ဝန်းကျင်ကို ဒုက္ခပေးပါတယ်...တည့်ရင်းပိုပေးတာပေါ့ နှစ်ယောက်ပေါင်းလုပ်တာဆိုတော့....
![](https://img.wattpad.com/cover/279713375-288-k865728.jpg)
YOU ARE READING
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...