Be Friends And More : 29

666 58 5
                                    

Unicode

"ဟက်ချိုး!"

       နှာတစေးစေးဖြစ်နေသော taehyung အိမ်ရာပေါ်မှာ ဖက်ထုပ်လုံးလေးလို တစ်ကိုယ်လုံးဆောင်နဲ့ပတ်ကာထိုင်နေတော့သည်....

"ရော့ ဆေးလေးသောက်လိုက်ရင် သက်သာသွားမှာပါ"

      Jungguk ကမ်းပေးတဲ့ဆေးအားကြည့်ကာ သူ့မျက်နှာရှုံ့မဲ့လိုက်ရင်း ရေအေးတစ်ခွက်နဲ့အမြန်မျောချလိုက်သည်..အင်းလေ သူ့မှာရွေးချယ်စရာမှမရှိဘဲ သူဆေးမသောက်ရင် ပိုနာကျင်ကာအဖျားကြီးပေတော့မယ်..အဲ့ဒါဘယ်သူကြောင့်လဲ..သေချာပေါက်သူ့ရှေ့မှာ မတ်တပ်ရပ်နေတဲ့လူကြောင့်ပဲပေါ့...F**k!သေလောက်အောင်ခါးတယ်.. ခွက်အားပြန်လှမ်းပေးကာ မျက်နှာအားတစ်ဖက်သို့ပို့ထားမိသည်...

"ကိုယ်တောင်းပန်ပါတယ်ကွာ"

        ဆောင်ပုံထဲကဖက်ထုပ်လေးကိုအသာပွေ့ဖက်မိတော့ ငြိမ်ငြိမ်နေနေတာ...တစ်ဖက်က taehyung ကတော့ Jungguk နဲ့လားလားမှမတူစွာ မျက်နှာကမှုန်ကုပ်လို့နေသည်..အဲ့တုန်းကအချိန်‌ကိုတွေးမိတော့ သူနာကျင်လာရသည်...သူကအပေါ်ကလို့သတ်မှတ်ထားမိတာကို Jungguk ကပြောင်းပြန်လှန်ပစ်လိုက်သည်မဟုတ်လား...နည်းနည်းပဲနမ်းမှာပါ ခဏလေး ပါပဲဆိုပြီး သူ့ကိုစားသွားတာ...သူကလည်းသတိထားမိတဲ့အချိန်မှာ jungguk ကသူ့ကိုထွက်ပြေးလို့မရအောင်ဖမ်းချုပ်ထားပြီပင်...အခုတော့ သူ့လည်ပင်နဲ့ခါးကအ‌တော်ပင်နာနေတော့သည်...ကလဲ့စားချေမယ်!!!ဟုတ်တယ်!!

"နောက်တစ်ခါတော့ ငါအပေါ်ကပဲ"

      အနည်းငယ်တွေဝေသွားဟန် jungguk ကြောင့် taehyung puppy eyes လေးတွေထုတ်သုံးလိုက်သည်...နောက်တစ်ခေါက်သာဆိုသူသေရချေရဲ့....

"အင်း Kim သဘော"

"Ok"

      Taehyung ကြိတ်ပြုံးလိုက်သည်...taehyung ပြုံးနေသလို Jungguk ကလည်းအလားတူပင်ပြုံးနေခဲ့သည်...ဘာပဲဖြစ်ဖြစ်သူ့ရဲ့Kim ကျေနပ်ရင်ရပြီ....

"အဲ့ဒါဆို Kim စိတ်မဆိုးတော့ဘူးမလား"

"ဟင့်အင်း မင်းငါ့ကိုအတင်းလုပ်သွားတာကိုငါကကျေနပ်စရာလားကွ!ပြီးတော့ အဖျားပါကူးသွားသေးတာကို!!"

Be Friend And More...(Complete )Wo Geschichten leben. Entdecke jetzt