Be Friends And More : 30

657 51 0
                                    

Unicode

အမှန်တကယ် အိပ်မောကျနေသောကောင်လေးရဲ့မျက်နှာပေါ်က ဆံပင်တချို့ကို သူအသာဖယ်ပေးလိုက်သည်...

"မင်းကိုယ်နဲ့လိုက်ခဲ့မယ်မဟုတ်လား"

သူ့မိဘတွေက အသက်အရွယ်ရလာတော့ သူ့ကို Company လွှဲပြောင်းစေချင်နေပြီ.. ဒီကိစ္စကို taehyung ကမသိဘူး...သိရင်လည်းသူ့ကို သွားခိုင်းမှာသေချာနေတယ်လေ...သူသွားရင် taehyung ကိုပါအပါခေါ်ချင်ပေမဲ့ သူလက်မခံရင်ရော...

"အင်းးး~"

သူဆံပင်သပ်ပေးနေတော့ နိုးသွားပုံပေါ်တယ်တအင်းအင်းနဲ့နိုးလာတာ....

"Jungguk?~"

"ဘာစားချင်လဲ ကိုယ်ချက်ကျွေးမယ်"

Taehyung ရဲ့ရုတ်တရပ်အပြုအမူကြောင့် jungguk အနည်းငယ်ကြောင်အသွားရသည်...

"တစ်ခုခုဖြစ်လို့လား Kim~"

"ဟင့်အင်း~ဒီအတိုင်း မင်းကိုဖက်ချင်လို့~"

ဖက်ထားရင်းသာ Taehyung ကို တင်ပါးက ပင့်ချီတော့ အလိုက်သင့်လေးပါလာတာ...အချွဲလေး~...

"ဒီမှာထိုင်နေ ကိုယ်ချက်ပေးမယ်"

Jungguk apron တကားကားနဲ့အသီးအရွက်များကိုဆေးကြောနေသည်....Taehyung jungguk နားတရွေ့ရွေ့တိုးကပ်ရင်းအနောက်ကနေသိုင်းဖက်လိုက်သည်....

"နေလို့အရမ်းမကောင်းလို့လား Kim"

"အော~နည်းနည်းပါ"

အမြဲဖျားရင် ချွဲတက်တဲ့ Kim ကအခုတော့လည်း ပုံစံတစ်မျိုးလေးနဲ့ကပ်ချွဲလို့နေပြန်သည်...

ဖျားနေ၍ပဲလားမသိ Taehyung jungguk ဆီတွင်သာ ကောလိုကပ်နေချင်သည်...သူ့နောက်က တစ်ကောက်ကောက်လိုက်ချင်သည်...သူရေသောက်နေတဲ့အချိန်အထိ သူအနားမှာ တောက်တဲ့လေးလိုကပ်နေချင်သည်ထိ taehyung စိတ်ထဲ jungguk ရဲ့ကိုယ်ငွေ့လေးလိုအပ်လို့နေသည်....

"Jungguk ဟိုလေ...ငါမနက်ဖြန်အိမ်ပြန်ချင်လို့ရလား"

ကြက်သွန်မိတ်တွေလှီးနေတဲ့ jungguk လက်ကရပ်တန့်သွားသည်...ထိုအချိန်က ခဏသာဖြစ်ပြီး jungguk လှီးစရာရှိသည်ကိုသာဆက်လှီးနေလိုက်သည်...

"Jungguk~"

ခပ်တိုးတိုးလေးရေရွတ်မိတော့ jungguk က သူ့ဘက်လှည့်လို့လာသည်....

Be Friend And More...(Complete )Dove le storie prendono vita. Scoprilo ora