Unicode
"အာ့!"
"Oops!ဘယ်သူများလဲလို့ကြည့်ပါဦး"
Jimin ကျောင်းနောက်က စာရေးကိရိယာဆိုင်မှထွက်လာလျှင် သူ့အားအဖွဲ့လိုက်ဝင်တိုက်သော လူတစ်စုကြောင့် လဲကျသွားရသည်..ပြန်ထဖို့အလုပ် ထပ်မံအတွန့်ချခံလိုက်ရလျှင်...
"မင်း!"
"ဘာလဲ!ဒေါသထွက်တာလား ဟားဟား ဟိတ်ကောင်တွေကြည့်ပါဦးကွာ အသေးလေးကဒေါသထွက်နေတာကွ"
Jimin သူ့အားလှောင်နေသောအုပ်စုကြောင့် မျက်နှာကိုသေချာပြန်ကြည့်လိုက်မှ အရင်တုန်းက သူ့အားနှိပ်စက်ဖူးသည့် အထက်တန်းကျောင်းသားများပင်...
"ဘာဖြစ်သွားတာလဲ?ဟက်!..အခုမှမှတ်မိပြီးအရမ်းကြောက်သွားတာလား"
သူ့ရှေ့ ဆောင့်ကြောင့်ထိုင်ကာ သူ့ပါးအားပုတ်လျက်ပြောလျှင် သူဘာမှပြန်မလုပ်ရဲပေ...
"ကြည့်ပါဦး အသေးလေးက ကောင်းကောင်းကြီးပြင်းလာတာပဲ"
သူ့မေးရိုးအားဆွဲယူကာ ပြောလျှင် Jimin ထိုလူအားစူးစူးရှရှကြည့်မိသည်...
"ကြည့်ရတာ အသေးလေးက ငါတို့ရဲ့လက်ရာကိုလွှမ်းနေပုံပဲ ဟိတ်ကောင်တွေ!"
ထိုလူကသူ့နောက်ကလူများအားအချက်ပြလျှင် ထိုလူရဲ့နောက်လိုက်များက ပြုံးစိစိနဲ့ပင် Jimin အားတစ်ဖက်တစ်ချက်ချုပ်မည်အလုပ် သူရှေ့ကဆောင့်ကြောင့်ထိုင်နေသော ထိုလူသား Euu gundae ရဲ့မျက်နှာအားလက်သီးတစ်ချက်ပစ်သွင်းလိုက်လျှင် ထို့လူ့နောက်လိုက်များကအံ့ဩသွားကြဟန် သူ့အားထက်မံချုပ်ရန်ပြင်တော့ သူလည်းသူ့အနားရောက်လာသူများအားသူတစ်ပြန်ကိုယ်တစ်ပြန်ထိုးကြတော့သည်..သူဟာအရင်ကလိုအားနည်းသူမဟုတ်ကြောင်းထိုလူတို့အားသိစေချင်သည်...သို့သော်အများနဲ့တစ်ယောက်မို့ သူထပ်မံ၍အချုပ်ခံလိုက်ရသည်...
"ဟက်!..အသေးလေးကအတက်ကောင်းတွေတက်လာတာပဲ!"
ခွပ်!
"အာ့!"
စကားအဆုံးအားပြင်းစွာ ထိုးလိုက်သော ဗိုက်တစ်နေရာကြောင့် သူဒူးပင်ထောက်မိသွားရသည်..အရှေ့မှာလည်းတခြားသူတွေနဲ့ထိုးခဲ့ကြသေးသည်မို့ သူခန္ဓကိုယ်ကအားနည်းနေပြီဖြစ်တယ်...
![](https://img.wattpad.com/cover/279713375-288-k865728.jpg)
YOU ARE READING
Be Friend And More...(Complete )
FanfictionUnicode ကိုယ်တို့ကမဖြစ်နိုင်ဘူးဆိုရင်တောင် မင်းနာကျင်တဲ့အခါ နားခိုရာရင်ခွင်တစ်စုံအဖြစ်တော့ ရှိနေချင်တယ်... Kim Taehyung... မင်းရဲ့ဘေးနားမှာအမြဲရှိနေတဲ့ ငါ့ကို ဘာလို့မမြင်ရတာလဲ ဒါမှမဟုတ် မျက်ကွယ...